ဖက်ဆစ်တပ်က နှစ်ရက်ဆက် မီးရှို့လို့ အိမ်ခြေ(၆၀၀)ရှိတဲ့ ငတရော်ရွာ ရွာလုံးကျွတ် ပြာကျ၊

ဖက်ဆစ်တပ်က နှစ်ရက်ဆက် မီးရှို့လို့ အိမ်ခြေ(၆၀၀)ရှိတဲ့ ငတရော်ရွာ ရွာလုံးကျွတ် ပြာကျ၊

MFP ၊ သြဂုတ် - ၁၉

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသက အိမ်ခြေ(၆၀၀)ကျော် ရှိတဲ့ ငတရော် ခေါ် ငတမျှော်ရွာကို ဖက်ဆစ်တပ်က သြဂုတ်(၁၇)နှင့် (၁၈)ရက်တွေမှာ နှစ်ရက်ဆက် နေ့ရော၊ ညပါ လုယက်သောင်းကျန်း မီးရှိုကဖျက်ဆီးလို့ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရေစကြိုနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ဟာ သြဂုတ်(၁၇)ရက် မနက်ပိုင်းက စတင်ပြီး သြဂုတ်(၁၈)ရက်အထိ ငတရော်ရွာထဲက အိမ်တွေအားလုံး ပြာကျသည်အထိ မနားတမ်း မီးရှို့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ဖက်ဆစ်တပ်သားတွေ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေလို့ ရေလည်ကျွန်းဒေသက ပြည်သူတွေ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး ဒုက္ခကြုံနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဖက်ဆစ်တပ်ဟာ ငတရော်ရွာ အပါအဝင် ရေစကြိုနယ် ရေလည်ကျွန်းဒေသက ရွာတွေထဲ အကြိမ်ကြိမ် ဝင်မွှေလုယက် သောင်းကျန်းနေတာ ဖြစ်ပြီး လွန်ခဲ့တဲ့ လတွေအတွင်း ငတရော်ရွာက ဒေသခံပြည်သူတချို့ကို ဖမ်းဆီး သ-တ်-ဖြတ်ခဲ့ပါသေးတယ်။

ရေစကြိုနယ် ရေလည်ကျွန်းဒေသ ငတရော်ရွာကို ဖက်ဆစ်တပ်က ဝင်မွှေလုယက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး သွားစဉ်/Video - ရေလည်ကျွန်းသတင်း

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ရေလည်ကျွန်း #ငတရော် #ရွာ #မီးရှို့