အင်းတော်နယ်မှာ ခြောက်ဘီးကားနဲ့ တင်လာတဲ့ စစ်အုပ်စု ထုတ်ကုန် ဘီယာတွေကို ဖျက်ဆီး၊ (ရုပ်သံ)

အင်းတော်နယ်မှာ ခြောက်ဘီးကားနဲ့ တင်လာတဲ့ စစ်အုပ်စု ထုတ်ကုန် ဘီယာတွေကို ဖျက်ဆီး၊ (ရုပ်သံ)

MFP ၊ သြဂုတ် - ၁၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော် - ကျောင်းကုန်း လမ်းပိုင်းမှာ ခြောက်ဘီးကားနဲ့ တင်ဆောင်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ မြန်မာဘီယာတွေကို ဖမ်းဆီးဖျက်ဆီးခဲ့တယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR Team က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၂)ရက် မနက်(၁၁)နာရီက KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တွေ အင်းတော် - ကျောင်းကုန်း လမ်းပိုင်းမှာ စစ်ဆေးနေချိန် မန္တလေးကနေ အင်းတော်ဘက် မောင်းနှင်လာတဲ့ (၆)ဘီးကား တစ်စီးပေါ်မှာ မြန်မာဘီယာ (၁၈၀)ဖာ၊ အက်ဒမန်ဂိုးဘီယာ (၁၂)ဖာနှင့် ဒဂုံဘီယာ ရှစ်ဖာ တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိလို့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“နောက်ထပ် စစ်အုပ်စုပိုင် ထုတ်ကုန်များကိုလည်း မိမိတို့မြို့နယ် လမ်းပိုင်းအတွင်း အလျှဉ်းသင့်သလို့ တားဆီး ဖျ-က်ဆီး သွားမည်ဟု ပြောကြားလိုပါသည်” လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR Team က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းထဲက PDF စိုးမိုးတဲ့ နယ်မြေတွေမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ထုတ်ကုန်တွေ သယ်ဆောင်ရောင်းဝယ်တာ၊ သုံးစွဲတာ မလုပ်ကြဖို့ ဒေသကာကွယ်ရေး တပ်ဖွဲပတွေက သတိပေး တားမြစ်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အင်းတော် #ဘီယာ #KIA #ဖျက်ဆီး #PDF