MFP ရဲ့ ဩဂုတ်(၂၂)ရက် မန္တလေး သတင်းများ

MFP ရဲ့ ဩဂုတ်(၂၂)ရက် မန္တလေး သတင်းများ

MFP ၊ ဩဂုတ်(၂၂)  

၁။မန္တလေးမှာ စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်းတစ်ဦး ဒီနေ့ နေ့လည်ပိုင်း မန္တလေးမြို့အထွက် လက်ကောင်းရွာအနီး မန္တလေး - ပြင်ဦးလွင်လမ်းပေါ်မှာ း ပစ်ခတ်ရှင်းလင်းခံရပါတယ်။ သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသူဟာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဦးစီးအရာရှိ၊ ချမ်းမြသာစည်မြို့နယ် သန့်ရှင်းရေး တာဝန်ခံ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

၂။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်မှာ နေထိုင်တဲ့ စစ်အုပ်စုသတင်းပေး ဦးသောင်းထွန်းဆိုသူကို ဩဂုတ်(၂၀)ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်ခတ်ပြီး ရှင်းလင်းဖို့ ကြိုးစားခဲ့ရာ ကျည်မထွက်တာကြောင့် ငှက်ကြီးတောင်ဓားနဲ့ ဝင်ခုတ်ခဲ့တယ်လို့ MDY Eagle Warrior အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ အဲ့ဒီ ဖြစ်စဉ်မှာ ဦးသောင်းထွန်းကတော့ မသေဘဲ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

၃။ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲ ခြေလျင်တက်လာတဲ့ စစ်အုပ်စုကို မနေ့က နေ့လည်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ အင်အား(၃၀)လောက်ပါတဲ့ စစ်အုပ်စုကို နတ်ဆိုးအဖွဲ့နဲ့ တိုက်သိမ်း အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက မတ္တရာနယ် ကင်းရွာထဲ ဝင်မွှေသောင်းကျန်းနေပြီး CDM စစ်သားနဲ့ ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

၄။ ကျောက်ဆည်မြို့နယ် ပနန်ကျေးရွာက နေအိမ်တစ်လုံး မနေ့က ဓားပြတိုက်ခံရပြီး ရွှေ(၁၀)ကျပ်သားနဲ့ ငွေ(၁၀)ခန့် ဓားပြတိုက်လုယက်ခံလိုက်ရတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စုဘက်က PDF တွေ လုပ်ဆောင်တာလို့ သတင်းမှားဖြန့်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ