“သူတို့ကို မြှုပ်ဖို့ ကျင်း အရင်တူးခိုင်းပြီးမှ သတ်တာ” စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ အရပ်သား ပြည်သူတွေကို ကိုယ့်သေတွင်း ကိုယ်တူးခိုင်းပြီး သ-တ်ဖြတ် တဲ့အကြောင်း ပြန်လည်လွတ်မြောက်လာသူရဲ့ ပြောပြချက်

“သူတို့ကို မြှုပ်ဖို့ ကျင်း အရင်တူးခိုင်းပြီးမှ သတ်တာ” စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ အရပ်သား ပြည်သူတွေကို ကိုယ့်သေတွင်း ကိုယ်တူးခိုင်းပြီး သ-တ်ဖြတ် တဲ့အကြောင်း ပြန်လည်လွတ်မြောက်လာသူရဲ့ ပြောပြချက်

MFP ၊ စက်တင်ဘာ - ၃

ကိုသံခဲ တို့ ရွာထဲ စီးနင်းဝင်မွှေတဲ့ စစ်အုပ်စုက တစ်ရွာလုံးကို ဖောက်ထွင်းခိုးယူ မီးရှို့ဖျက်ဆီး ရုံသာမက ခိုးလို့ရတဲ့ ပစ္စည်းတွေ ထမ်းပိုးဖို့ ကိုသံခဲ တို့ကိုပါ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခဲ့ပါတယ်။

အသက်(၄၀)ကျော်အရွယ် အညာသား ကိုသံခဲ ဟာ စစ်အုပ်စုရဲ့ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်ခံရသူ လူ(၂၀)ကျော်ထဲက အသက်မသေဘဲ လွှတ်မြောက်လာသူ တစ်ဦးပါ။

ဒါပေမယ့် ကိုသံခဲ တစ်ယောက် စစ်အုပ်စုလက်ကနေ အကောင်းပကတိ ပြန်လည် လွှတ်မြောက်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒုက္ခိတအဖြစ်နဲ့ လွတ်မြောက်လာခဲ့တာပါ။ ကိုသံခဲကို အလုပ်တွေ မတန်တဆ ခိုင်းစေပြီး ညှဉ်းပန်းနှိပ်စက်ရာက သေပြီအထင်နဲ့ ချန်ထားရစ်လို့ လွှတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။

ကျန်းမာရေး ကောင်းမွန်ပြီး ကြံ့ခိုင်သန်မာတဲ့ ကိုသံခဲ တစ်ယောက် ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရပြီး ရက်(၂၀)ကျော်အတွင်း စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက် ခိုင်းစေမှုတွေကြောင့် ခန္ဒာကိုယ်အောက်ပိုင်းနှင့် ညာခြမ်း မသန်တော့တဲ့ ဒုက္ခိတဘ၀ ရောက်ခဲ့ရပါတယ်။

စစ်အုပ်စုဟာ ကိုသံခဲ အပါအဝင် အညာက ဒေသခံ အရပ်သားပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး သေနတ်ပြ ခိုင်းစေရာမှာ “ခိုင်းတာလုပ်၊ ကျွေးတာစား၊ ပြန်မမေးးနဲ့ ထွက်မပြေးနဲ့။ သ-တ်မယ်” ဆိုပြီး ခြိမ်းခြောက်သလို ခြိမ်းခြောက်တဲ့အတိုင်း အမှန်တကယ်လည်း လက်ရဲ ဇက်ရဲ သ-တ်-ဖြတ်တယ်လို့ ကိုသံခဲက ပြောပြပါတယ်။

ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူတွေကို စစ်အုပ်စုက ဘယ်လို ညှဉ်းပန်း သ-တ်-ဖြတ် နေသလဲ ဆိုတာ ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ဦးရဲ့အကြောင်း MFP က တင်ဆက်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရပ်သားပြည်သူ #ကိုသံခဲ