စစ်ကောင်စီ လက်အောက်ကနေ NUG မီးသတ်ထံ အလင်းဝင် ခိုလှုံလာတဲ့ မီးသတ်ဝန်ထမ်း တစ်လအတွင်း (၁၀)ဦး ရှိဟုဆို၊

စစ်ကောင်စီ လက်အောက်ကနေ NUG မီးသတ်ထံ အလင်းဝင် ခိုလှုံလာတဲ့ မီးသတ်ဝန်ထမ်း တစ်လအတွင်း (၁၀)ဦး ရှိဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၆

စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး NUG မီးသတ်ဦးစီးဌာနထံ ဆက်သွယ် ခိုလှုံလာတဲ့ မီးသတ်ဝန်ထမ်း တစ်လအတွင်း (၁၀)ဦး ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာကနေ ယခုလ (၁၅)ရက်အထိ တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး မီးသတ်ဦးစီးဌာန(NUG)ထံ အလင်းဝင်ခိုလှုံသူ မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး ရှိကာ အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

"ဟုတ်ပါတယ် ပြီးခဲ့တဲ့ လဝက်ကနေပြီး ယခုလ အောက်တိုဘာ(၁၅)ထိ ချုပ်လိုက်ရင် ကျွန်တော်တို့ဌာနကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မီးသတ်ဌာနက တပ်ဖွဲ့ဝင်တွေ ဆက်သွယ်လာတာတွေရှိတယ်။ တကယ့်မြေပြင် ကျွန်တော်တို့နဲ့ ချိတ်ဆက်မှု မရသေးတဲ့ နေရာတွေ၊ စိုးမိုးနယ်မြေရရှိနေတဲ့ မြို့နယ်တွေရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဆီမှာလည်း ခိုလှုံသူတွေ ရှိလာတယ်။များသောအားဖြင့် စစ်ကိုင်းတိုင်းမှ ာပိုများလာတယ်။ အဲ့အတွက်လည်း ကျွန်တော်တို့ဌာနကနေ ချိတ်ဆက်နေပါတယ်။ ကျွန်တော်တို့ထံ ဆက်သွယ် အလင်းဝင်လာသူတွေထဲမှာက နယ်မြေခံစခန်းက တပ်ဖွဲ့ဝင်တွေ ပိုများတယ်။ အရာရှိ နဲ့ အကြပ်ကြီး အဆင့်တွေအထိ အလင်းဝင်ခိုလှုံလာတယ်။ တချို့က ပအဖ၊ ပကဖ တွေရဲ့ စိုးမိုးနယ်မြေတွေမှာ စစ်ကောင်စီ ယန္တယား လည်ပတ်မှုတွေ ရပ်တန့်သွားတဲ့အခါ ပြည်သူအုပ်ချုပ်ရေး အဖွဲ့တွေဆီမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ " NUG မီးသတ်ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ မင်းချမ်းငြိမ်းက ပြောတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အုပ်စုက မီးသတ်တွေကို လက်နက်ကိုင်ခိုင်းပြီး စစ်သားအဖြစ် အသုံးချတာကြောင့်လည်း NUG မီးသတ်ဌာနကို ခိုလှုံလာသူတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြို့နယ်အလိုက် ခိုလှုံလာတဲ့ မီးသတ်တပ်ဖွဲ့ဝင် အရေအတွက် အတိအကျကိုတော့ NUG မီးသတ်က ဖော်ပြထားတာ မရှိပါဘူး။

မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စကစနဲ့ မီးသတ်တွေ/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NUG #မီးသတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ