MFP ၊ အောက်တိုဘာ - ၃
မန္တလေးမြို့အနီး၊ စဉ့်ကိုင်မြို့နယ် ပုလိပ်မြို့မှာ ဒီနေ့လည်ပိုင်း စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းနှင့် စကစတွေ လိုက်ပါလာတဲ့ ကားကို မြို့ပြပြောက်ကျား မဟာမိတ် သုံးဖွဲ့ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစ တစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာရတယ်လို့ မြစ်ငယ် MN PDF တပ်ဖွဲ့ MFP ကို ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ(၃)ရက် နေ့လည်ပိုင်းမှာ ပုလိပ်မြို့က စစ်ကောင်စီ သ္စစာခံ လျှပ်စစ်ဝန်ထမ်းနှင့် စကစတွေဟာ လျှပ်စစ်မီတာခတွေ စစ်အုပ်စုရဲ့ ဘဏ်မှာ သွားရောက် ပေးသွင်းမယ်လို့ သတင်းရတာကြောင့် ပုလိပ်နှင့် စဉ့်ကိုင်ကြားမှာ မဟာမိတ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပုလိပ်မြို့နှင့် စဉ့်ကိုင်မြို့ကြား၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်၊ ပေါ်တော်မူဘုရားအနီးမှာ ပလိပ်လျှပ်စစ် (EPC)ရုံးက မန်နေဂျာနဲ့ စကစ သုံးယောက် လိုက်ပါလာတဲ့ကားကို မဟာမိတ် သုံးဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စကစ တစ်ယောက်သေကာ တစ်ယောက် ဒဏ်ရာရတယ်လို့ မြစ်ငယ် MN PDF က ပြောပါတယ်။
“စခအလောင်း ကားပေါ်က ဆွဲချနေတာ မျက်မြင် မြင်ခဲ့တာပါ၊ ကားက နေရာမှာတင် ထိုးရပ်သွားတယ် “ လို့ မြစ်ငယ် MN PDF ခေါင်းဆောင် ဗိုလ်ဖောင်းဒိုင်းက MFP ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုက တိုက်ခိုက်ခံရတဲ့ နေရာကို ရောက်လာပြီး အနီးဝန်းကျင်က ပြည်သူတွေကို ရန်ပြု သောင်းကျန်းနေကာ လတ်တလော သတင်းအရ ပြည်သူ (၂၀)ကျော် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက လမ်းပိတ်ပြီး လာသမျှလူ ရန်ပြု သောင်းကျန်း စစ်ဆေးကာ လက်နက်ပြ မိုက်ကြေးခွဲ နေလို့ ပြည်သူတွေ သတိထား သွားလာကြဖို့ ဒေသခံအချင်းချင်း တိုက်တွန်းနေပါတယ်။
စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းတွေဟာ မန္တလေးတိုင်းအတွင်း ပြည်သူတွေဆီက လျှပ်စစ်မီတာခတွေကို လက်နက်ကိုင်တွေ ခြံရံပြီး အင်အားသုံးကာ ဓားပြတိုက်သလို အတင်းအကျပ် ကောက်ခံနေပြီး တဦးတလေ မီတာခ မဆောင်တာနဲ့ ရွာလုံးကျွတ်၊ တစ်ရပ်ကွက်လုံး မီးဖြတ်တာတွေ လုပ်နေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုကို ပေးလိုက်တဲ့ ငွေတွေဟာ ပြည်သူကို သတ်မယ့် ကျည်ဆံဖိုး ဖြစ်လာမှာမို့ စစ်အုပ်စုကို ငွေမပေးဖို့၊ စစ်အုပ်စုရဲ့ စီးပွားရေး လုပ်ငန်းတွေကို မသုံးစွဲကြဖို့ နိုင်ငံတဝန်း သပိတ်မှောက် လှု့်ရှားမှုတွေ ပေါ်ပေါက်နေပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပလိပ်EPC #လျှပ်စစ်မီတာခ
မန္တလေး ပုလိပ် EPC ဝန်ထမ်းနှင့် စကစတွေရဲ့ ကားကို တိုက်ခိုက်ရာ စကစ တစ်ယောက်သေ၊ စစ်အုပ်စုက ဒေသခံပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးသောင်းကျန်း၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024