ကျောက်ပန်းတောင်းမှာ ခရီးသည်တင်ကားနှစ်စီး အပါအဝင် ကားသုံးစီးတိုက်ပြီး အနည်းဆုံး (၁၂)ဦးသေဆုံး၊ လမ်းဘေးရပ်နေတဲ့ကားကို နောက်က တိုက်မိပြီး မျက်နှာချင်းဆိုင်ကားနဲ့ ထပ်မံတိုက်မိတာဟုဆို၊

ကျောက်ပန်းတောင်းမှာ ခရီးသည်တင်ကားနှစ်စီး အပါအဝင် ကားသုံးစီးတိုက်ပြီး အနည်းဆုံး (၁၂)ဦးသေဆုံး၊ လမ်းဘေးရပ်နေတဲ့ကားကို နောက်က တိုက်မိပြီး မျက်နှာချင်းဆိုင်ကားနဲ့ ထပ်မံတိုက်မိတာဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၄

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြိုကနယ် ကျောက်ပန်းတောင်း - မိတ္ထီလာ ကားလမ်းပေါ်မှာ ဒီည (၈)နာရီခွဲကျော်က ခရီးသည်တင်ကားနှစ်စီး အပါအဝင် ကားသုံးစီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး (၁၂)ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကျောက်ပန်းတောင်း - မိတ္ထီလာလမ်း၊ ကျောက်ပန်းတောင်မြို့နယ် ဇီးဖြူကုန်းရွာအနီးမှာ ပုဂံမင်းသား ခရီးသည်တင်ကား၊ သန်မြန်သူ ခရီးသည်တင်ကားနှင့် ကန်တာကားတစ်စီး ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ ည(၁၀)နာရီခွဲကျော်အထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပြီး အနည်းဆုံး (၁၂)ဦး သေဆုံးကာ ညှပ်ပိတ်နေသူတွေ ကျန်ရှိနေဆဲလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သန်မြန်သူ ခရီးသည်တင်ကားက ကားပျက်လို့ လမ်းဘေးရပ်ထားချိန် ပုဂံမင်းသားကားက နောက်က ဝင်တိုက်မိကာ မျက်နှာချင်းဆိုင်လာတဲ့ ကန်တာကားနဲ့ ထပ်မံတိုက်မိခဲ့တာလို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

MFP အနေနဲ့ အသေးစိတ် အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ပန်းတောင်း #ယာဉ်တိုက်မှု 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ