ငါန်းဇွန်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်း သတ်-ဖြတ် ဖမ်းဆီးပြီးနောက် ဖမ်းမိထားတဲ့ ဒေသခံ ခုနှစ်ဦးကို UG တွေလို့ စစ်အုပ်စုက စွပ်စွဲ၊

ငါန်းဇွန်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်း သတ်-ဖြတ် ဖမ်းဆီးပြီးနောက် ဖမ်းမိထားတဲ့ ဒေသခံ ခုနှစ်ဦးကို UG တွေလို့ စစ်အုပ်စုက စွပ်စွဲ၊

MFP ၊ စက်တင်ဘာ - ၂၃

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းကာ ဒေသခံပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ်ခဲ့ပြီးနောက် ဖမ်းဆီးထားသူ တွေထဲက အမျိုးသား ခုနှစ်ဦးကို ဇာမဏီ ပြောက်ကျားတပ်ဖွဲ့က အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စွပ်စွဲ သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ စက်တင်ဘာ(၁၂)ရက်က စတင်ပြီး ငါန်းဇွန်နယ်ထဲ စစ်ကားတွေ အသုံးပြုပြီး စကစ အင်အား (၁၀၀)ခန့်နဲ့ ရွာစဉ် ပတ်မွှေကာ ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်၊ ညှဉ်းပန်းတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် မနေ့က စက်တင်ဘာ(၂၂)ရက်မှာတော့ ဖမ်းဆီးထားသူ တွေထဲက ရေလည်သောင်ရွာနှင့် နတ်ကြီးရွာက အမျိုးသား ရှစ်ဦးကို ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အဖြစ် စွပ်စွဲ ထုတ်ပြန်တာ ဖြစ်ပါတယ်။

ငါန်းဇွန်မြို့နယ် ရေလည်သောင်ကျေးရွာက ကိုစိုင်းထက်အောင်၊ ကိုလှိုင်မျိုးအောင် နှင့် ကိုကြံ့ခိုင်ထွန်း၊ နတ်ကြီးကျေးရွာက ကိုဇော်မင်းထွေး၊ ကိုအောင်ကိုလတ်၊ ကိုကျော်သူ၊ ကိုဖိုးဦးနှင့် ကိုဇော်လင်းအောင်တို့ စုစုပေါင်း ရှစ်ဦးကို ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စွပ်စွဲပြီး အဲ့ဒီအထဲက ကိုဇော်လင်းအောင်ကိုတော့ သ-တ်-ဖြတ်လိုက်ပြီလို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

ငါန်းဇွန်နယ်ထဲ စစ်အုပ်စုနှင့် ပူးပေါင်းကာ ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ အုပ်ကြီး၊ သတင်းပေးနှင့် ပျူတွေကို ဇာမဏီ ပြောက်ကျားတပ်ဖွဲ့က သု-တ်-သင်ခဲ့ရာမှာ အထက်ပါ ဖမ်းမိထားသူ ရှစ်ဦးက ပါဝင် ကျူးလွန်ခဲ့တယ်လို့ စစ်အုပ်စုက စွပ်စွဲပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ စစ်အုပ်စုက ပြောက်ကျားတပ်ဖွဲ့ဝင်လို့ စွပ်စွဲထားသူတွေဟာ ဥပဒေမဲ့ ဖမ်းဆီးခံရပြီးနောက် ငွေပေးမရွေးနိုင်သူ၊ မသေသေးဘဲ ကျန်နေသူတွေ ဖြစ်ပြီး စစ်အုပ်စုဟာ ငါန်းဇွန်နယ်က ဒေသခံပြည်သူတွေကို ဖမ်းပြီးနောက် တချို့ကို သ-တ်-ဖြတ်ကာ တချို့ကို ငွေနဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

“အဖမ်းဆီးခံသူများသည် ဘယ်ပြောက်ကျား တပ်ဖွဲ့ဝင်မှ မဟုတ်ကြဘဲ သာမာန် တောသူတောင်သား ပြည်သူများသာ ဖြစ်နေသည်ကို စုံစမ်းတွေ့ရှိသည် ။ စစ်ခွေးများသည် ၎င်းတို့ မတရား ဖမ်းဆီးထားသူ မှန်သမျှ pdf ၊ NUG၊ CRPH ကိုထောက်ခံသူ ၊ အကြမ်းဖက်အဖွဲ့ဝင်များ အဖြစ် အမြဲစွပ်စွဲလေ့ရှိပြီး ၊ ပြည်သူများကို မထင်လျှင် မထင်သလို ဖမ်းဆီးသတ်ဖြတ်လေ့ရှိသည်” လို့ ငါန်းဇွန်မြို့နယ်အတွင်း မြေပြင် သတင်း အချက်အလက်တွေ တင်ဆက်နေတဲ့ ငါန်းဇွန်သတင်းစုံ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ စက်တင်ဘာ(၁၂)ရက်က စတင်ပြီး ငါန်းဇွန်မြို့နယ်ထဲက မလဲကျင်း၊ ကံသာ၊ ကံလှ၊ ဘေးသောင်၊ ရေလည်သောင်၊ ရွှေပေါက်ပင်ကျွန်း၊ နတ်ကြီး၊ ဆပ်ပြာကျင်း၊ သားကျင်၊ ညောင်ပင်ရိုး၊ လက်ပံသာ စတဲ့ ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းကာ အနည်းဆုံး ဒေသခံပြည်သူ နှစ်ဦးကို သ-တ်-ဖြတ်ခဲ့တယ်လို့ ငါန်းဇွန် သတင်းစုံက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အထက်ပါ ငါန်းဇွန်နယ်ထဲက ရွာတွေကို ဝင်မွှေရာမှာ အင်အားရာချီ သုံးပြီး ဒေသခံ အုပ်ကြီးတွေ၊ ပျူတွေကို လမ်းပြခိုင်းကာ အိမ်ထောင်စုစာရင်းစစ်တာ၊ ဖုန်းတွေ စစ်ပြီး တန်ဘိုးကြီးဖုန်းဆိုရင် လုယက်တာ၊ အိမ်ထဲဝင်မွှေပြီး စစ်သလိုလိုနဲ့ ကြက်တွေ့ရင် ကြက်ယူ၊ ရွှေငွေတွေ့ ရွှေငွေတွေယူ တွေ့သမျှပစ္စည်း မိုက်ကြေးခွဲ လုယက်တာ၊ စိတ်မထင်ရင် ပြည်သူကို ကြိုးတုပ်ရိုက်နှက်တာ၊ ဖမ်းခေါ်သွားပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာ၊ PDF လက်ခံထားရင် ရွာမီးရှို့မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ (၁၂)ရက် ညပိုင်းက ငါန်းဇွန်နယ် မလဲကျင်းရွာကို စစ်အုပ်စု ဝင်မွှေလုယက်ရာမှာ တစ်အိမ်တက်ဆင်း အိမ်ထောင်စုဇယားတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီးနောက် ညီဖြစ်သူ မတွေ့ရှိတဲ့အတွက် အကိုဖြစ်တဲ့ ကိုကျော်စိုးကို ဖမ်းခေါ်သွားကာ လမ်းတဝက်မှာပဲ သ-တ်-ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဖမ်းမိတယ်လို့ ထုတ်ပြန်ပေမယ့် ဇာမဏီ ပြောက်ကျားတပ်ကတော့ စက်တင်ဘာ(၂၁)ရက်အထိ စစ်ရေးမစ်ရှင်တွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #ဇာမဏီ #ပြည်သူ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ