စစ်ကိုင်းနှင့် မကွေး အပါအဝင် ဒေသသုံးခုက ပြည်သူ့လုံခြုံရေး အဖွဲ့တွေကို NUG က အခြေခံ အမှုစစ်နည်း သင်တန်းပေး၊

စစ်ကိုင်းနှင့် မကွေး အပါအဝင် ဒေသသုံးခုက ပြည်သူ့လုံခြုံရေး အဖွဲ့တွေကို NUG က အခြေခံ အမှုစစ်နည်း သင်တန်းပေး၊

MFP၊ စက်တင်ဘာ - ၁၃

စစ်ကိုင်းနှင့် မကွေး အပါအဝင် ဒေသသုံးခုက ပြည်သူ့လုံခြုံရေး - ပလဖ အဖွဲ့ဝင်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဦးစီးပြီး အခြေခံ အမှုစစ် သင်တန်း ပို့ချပေးနေတယ်လို့ NUG ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

NUG ပြည်သူ့ရဲတပ်ဖွဲက ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ဒေသများရှိ ပြည်သူ့လုံခြုံရေး အဖွဲတွေကို အခြေခံ အမှုစစ်သင်တန်း ပိုချပေးနေတာ ဖြစ်ပြီး သင်တန်း အပတ်စဉ် (၁)ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲဝင် သင်တန်းသား (၅၀)ဦးနဲ့ မနေ့ စက်တင်ဘာ (၁၂) ရက်မှာ စတင်ဖွင့်လှစ် သင်ကြားပိုချပေးနေတာလို့ ဆိုပါတယ်။

အခြေခံ အမှုစစ် သင်တန်းကို ရက်တိုအဖြစ် သုံးရက် သင်ကြားပေးမှာ ဖြစ်ပြီး အဓိကအားဖြင့် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးစတဲ့ တိုင်းဒေသကြီးသုံးခုက မြိုနယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တွေ ပါဝင်တယ်လို ပြည်သူ့ရဲတပ်ဖွဲ၊ Kalay Police Servises - KPS အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

"(သင်တန်းပေးတာ) ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ပြီးတဲ့ မြိုနယ်တွေပါ။ စစ်ကိုင်း၊ မကွေး၊ ပဲခူး အဓိကပါ"လို KPS ပြည်သူ့ရဲတပ်ဖွဲဝင် ရဲဘော်က ပြောပါတယ်။

အွန်လိုင်းကနေ မနေ့က စဖွင့်တဲ့ အခြေခံအမှုစစ် သင်တန်းကို NUG ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဒု-ဝန်ကြီး ခူးထဲဘူးနှင့် အမြဲတမ်းအတွင်းဝန်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကို ပြည်သူ့ရဲတပ်ဖွဲ ဒုတိယ ရဲချုပ်နှင့် ရဲအရာရိတွေ တက်ရောက်ခဲ့ကြတယ်လို့ ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NUG #ရဲ #အမှုစစ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ