အရာတော် မင်းရွာကြီးက အိမ်ခြေ(၃၀၀)ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊

အရာတော် မင်းရွာကြီးက အိမ်ခြေ(၃၀၀)ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊

MFP ၊ သြဂုတ် - ၈

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်ပိုင်းက အိမ်ခြေ(၁၀၀၀)နီးပါးရှိတဲ့ မင်းရွာကျေးရွာကို စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေလုယက် ဓားပြတိုက်ပြီးနောက် အိမ်ခြေ(၃၀၀)ကျော် ကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ သြဂုတ်(၄)ရက်ကတည်းက ရွာထဲ ဝင်မွှေလုယက် ဓားပြတိုက်၊ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်ပြီး ဩဂုတ်(၆)ရက်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အုပ်စု မီးရှို့လို့ မင်းရွာကြီးက အိမ်ခြေ (၃၅၀)ခန့် မီးလောင်ပြာကျသလို ဒေသခံ အသက်(၈၀)ကျော်အရွယ် အဖွား တစ်ဦးကိုလည်း စစ်အုပ်စုက မီးရှို့ သ-တ်-ဖြတ်သွားပါတယ်။

May be an image of outdoors

May be an image of tree and outdoors

May be an image of outdoors

May be an image of outdoors

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ မင်းရွာကနေ ရွှေ့ပြောင်းသွားပြီဖြစ်တယ် လို့ အရာတော်ဒေသ မြေပြင်သတင်းတွေ တင်ဆက်နေတဲ့ အရာတော်ပို့စ်က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ သြဂုတ်(၁)ရက်ကနေ (၂)ရက်အထိ မြင်းမူမြို့နယ် လက်ပံကျင်းရွာထဲ လေကြောင်းရော မြေပြင်ကပါ ပစ်ခတ်စီးနင်းကာ ထင်တိုင်းကျဲ လုယက် သ-တ်-ဖြတ် သောင်းကျန်း ဖျက်ဆီးခဲ့ပြီးနောက် မြင်းမူနဲ့ ထိစပ်နေတဲ့ မင်းရွာ၊ ကန်ရင်း၊ ဇီးပင်လယ်၊ ရသာ၊ ညောင်ပင် စတဲ့ အရာတော်နယ်ထဲက ရွာတွေထဲ အဖွဲ့တွေခွဲကာ ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

အရာတော်နယ် မင်းရွာကြီးက နေအိမ်တွေကို စစ်အုပ်စု ဝင်မွှေလုယက် ဓားပြတိုက်ကာ မီးရှို့ဖျက်ဆီးသွားစဥ် / Photo - အရာတော်ပို့စ်

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #ရွာ #မြင်းမူ #မင်းရွာ #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ