MFP ၊ စက်တင်ဘာ - ၇
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနှင့် (၃၇)လမ်းထောင့်မှာ နေရာယူပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု မနေ့က နေ့လည်ပိုင်းမှာ ဗုံးထုခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“ဘဲဥတွေရော၊ အရပ်ဝတ်တွေရော လာသမျှ ကား၊ ဆိုင်ကယ် တားပြီး ငွေညှစ်နေတဲ့အချိန် အုန်းသွားတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စက်တင်ဘာ(၆)ရက် မနေ့က နေ့လည်(၂)နာရီခွဲ ဝန်းကျင်က (၇၈)လမ်းနှင့် (၃၇)လမ်းထောင့်က ယာဉ်ထိန်းရဲရုံးနားမှာ ရှိနေတဲ့ စစ်အုပ်စု ဗုံးထုခံရတာလို့ ဆိုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်ထိန်းရဲ နှစ်ယောက် ရှိနေတဲ့ နေရာကို ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာသူ နှစ်ဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်သွားတာ ဖြစ်ပြီး ဗုံးပေါက်ကွဲပေမယ့် လူနှင့် အဆောက်အဦး ထိခိုက်မှု မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုက ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ် သ-တ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။