ရေစကြိုမှာ ပျူတွေ သု-တ်-သင်ခံရပြီးနောက် စစ်အုပ်စုက ပျံကျဈေးကို လုယက် မီးရှို့၊ အသက်(၁၇)နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ဒေသခံ သုံးဦးကို သ-တ်-ဖြတ်၊

ရေစကြိုမှာ ပျူတွေ သု-တ်-သင်ခံရပြီးနောက် စစ်အုပ်စုက ပျံကျဈေးကို လုယက် မီးရှို့၊ အသက်(၁၇)နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ဒေသခံ သုံးဦးကို သ-တ်-ဖြတ်၊

MFP ၊ သြဂုတ် - ၂၉

မကွေးတိုင်း ရေစကြိုမြို့ပေါ် လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်ကောင်စီ လက်ပါးစေ ပျူတွေ ဒီမနက်ပိုင်း သု-တ်သင် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက ရေစကြိုမြို့ အမှတ်(၈)ရရပ်ကွက် ဘောလုံးကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီ-ပျံကျဈေးကို ဝင်မွှေလုယက်ကာ ဈေးဆိုင်နှင့် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒိနေ့ သြဂုတ်(၂၉)ရက် မနက်(၇)နာရီကျော်က စစ်အုပ်စုနှင့် ပေါင်းကာ ရေစကြိုမြို့ပေါ် လက်နက်ပြ ဆက်ကြေးတောင်းနေတဲ့ ပျူအုပ်စုကို အမည်မသိရသေးတဲ့ အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူ ခြောက်ယောက် သေပြီး လက်နက်တွေပါ သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

သု-တ်သင်ရှင်းလင်းခံရတဲ့ ပျူတွေထဲ ရေစကြိုနယ် ဆင်ချောင်းရွာက စစ်ကောင်စီ လက်ပါးစေ ပျူခေါင်းဆောင် စိုးမောင်ရဲ့ လူယုံတပည့် ပေါက်တောရွာသား ထွန်းအောင်ကျော် နှင့် အခြားပျူ ငါးယောက်၊ စုစုပေါင်း ပျူခြောက်ယောက် သေတယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ဆိုပါတယ်။

ပျူတွေ သု-တ်သင်ရှင်းလင်း ခံရပြီးနောက် စစ်အုပ်စုက ဘောလုံးကွင်း ယာယီ-ပျံကျဈေးထဲ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာပြီး ဈေးပစ္စည်းတွေ လုယက်ပြီးနောက် မနက်(၉)နာရီခွဲကျော်မှာ ဈေးဆိုင်ခန်းတွေနှင့် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ရေစကြိုမြို့နယ် ပေါက်တောကြီးဆိပ်ကနေ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ခဲ့ပြီး စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ထဲ စက်လှေနဲ့ အလုပ်လုပ်ကိုင်နေ‌တဲ့ ရွှေကျောင်းကျေးရွာသူ အသက်(၁၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန်ခဲ့ကာ ပခုက္ကူဆေးရုံကို ပို့ဆောင်ချိန် နေ့လည်(၁)နာရီကျော်မှာ သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အင်အား(၂၀)လောက်ရှိတဲ့ စစ်အုပ်စုဟာ မနက်(၁၁)နာရီကျော်မှာ ရေစကြိုမြို့နယ် ချစ်သူရွာဘက်ကိုလည်း ဝင်မွှေလုယက် သောင်းကျန်းနေပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးနှိပ်စက် သ-တ်-ဖြတ်ကာ အလောင်းတွေကို ရေထဲ မျောချလိုက်တယ်လို့ ရေစကြို ဒေသသတင်းတွေ ဖော်ပြနေတဲ့ ရေလည်ကျွန်းသတင်းက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ နေ့လည်ပိုင်းကလည်း ရေစကြိုမြို့ပေါ်ကနေ ရေစကြိုမြို့တောင်ဘက်အရပ်ဆီ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေပြီး ရေစကြိုမြို့ပေါ်က ပေါက်တော၊ ကျောမကြား အနီးတဝိုက် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့ပေါ် လက်နက်ပြ မိုက်ကြေးခွဲ သောင်းကျန်းနေတဲ့ ပျူတွေ သု-တ်-သင် ရှင်းလင်းခံရပြီးနောက် ရေစကြို အမှတ်(၈)ရပ်ကွက် ဘောလုံးကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီ-ပျံကျဈေးကို စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ဈေး #ပျံကျဈေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ