မေမြို့ မြို့ရှောင်လမ်းမှာ လိုက်ထရပ်နှင့် တွဲကား ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသူ (၉)ဦးအထိ ရှိလာ၊

မေမြို့ မြို့ရှောင်လမ်းမှာ လိုက်ထရပ်နှင့် တွဲကား ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသူ (၉)ဦးအထိ ရှိလာ၊

MFP၊ သြဂုတ် - ၂၈

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းမှာ ဒီည (၇)နာရီကျော်က ခရီးသည်တင် လိုက်ထရပ်ကားနှင့် ဘိလပ်မြေအိတ်တင် (၂၂)ဘီးတွဲကား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၉)ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒီနေ့ သြဂုတ်(၂၈)ရက် ည(၇)နာရီခွဲမှာ ပြင်ဦးလွင် မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လိုက်ထရပ်ကားပေါ်ပါ ခရီးသည် (၁၄)ဦးအနက် ယခု ည(၁၀)နာရီဝန်းကျင်အထိ (၉)ဦး သေဆုံးကာ (၅)ဦးမှာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၃)ဦးဖြစ်ပြီး တချို့က ယာသ်တိုက်မှုဖြစ်ပွားတဲ့ နေရာမှာတင် သေဆုံးကာ တချို့က မေမြို့ဆေးရုံကို ပို့ဆောင်ချိန် သေဆုံးတာလို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

လက်ရှိမှာ လိုက်ထရပ်ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၃)ဦးကိုလည်း မေမြိုကဆေးရုံ ပို့ထားရတယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ် အသေးစိတ်နှင့် သေဆုံးသူတွေနှင့်ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

မေမြို့ မြို့ရှောင်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်/Photo – MFSD ၊ ပြင်ဦးလွင် နာရေးကူညီမှုအသင်း

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့ #ပြင်ဦးလွင် #ယာဉ်တိုက်မှု #ခရီးသည်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ