စက်ရုံထုတ်တွေလို ကောင်းမွန်အဆင့်မြင့်တဲ့ လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ CAF

စက်ရုံထုတ်တွေလို ကောင်းမွန်အဆင့်မြင့်တဲ့ လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ CAF

MFP ၊ သြဂုတ် - ၂၄

လက်နက်ခဲယမ်း မျိုးစုံ ကိုယ်တိုင် ထုတ်လုပ်ပြီး တိုက်ပွဲဝင်နေတဲ့ Chindwin Attack Force – CAF တပ်ဖွဲ့က စက်ရုံထုတ်တွေလို ကောင်းမွန် အဆင့်မြင့်တဲ့ လက်နက်တွေ တိုးမြှင့် ထုတ်လုပ်ဖို့အတွက် တွင်ခုံနှင့် ရန်ပုံငွေ အထောက်အပံ့ လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ အများပြည်သူထံ အလှူခံနေပါတယ်။

Chindwin Attack Force – CAF တပ်ဖွဲ့မှာ တပ်ခွဲ (၁၃)ခု အထိရှိနေပြီး လက်ရှိမှာ (၄၀-မမ)၊ ကာဘိုင်၊ တစ်တောင့်ထိုး စတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ သာမက မိုင်းတွေ၊ ကျည်ဆံတွေပါ ကိုယ်တိုင် ထုတ်လုပ်ပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

“လက်နက်ခဲယမ်းများကို နည်းပညာ အဆင့်မြှင့်တင်ခြင်းနှင့် ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ရန်ပုံငွေများမှာလည်း ယခင်ကထက် ပိုမိုလိုအပ်လာခြင်းကြောင့် ယခုအခါတွင် ပြည်သူများထံမှ ကူညီထောင့်ပံ့မှုများမှာ ပိုမိုလိုအပ်လာပါသည်။ ပြည်သူ့လူထု၏ ဖြစ်တည်နေသော အခက်ခဲများကို သိရှိနားလည်သောကြောင့် ယခင်က Page မှ အလှူခံခြင်း မရှိခဲ့ပါ။ သို့သော် ယခုချိန်တွင် လက်နက်ခဲယမ်းများ ပိုပိုထုတ်လုပ်နိုင်ရန်နှင့် တော်လှန်ရေး အမြန်ပြီးဆုံးစေရန် ရှေ့မျက်နှာ နောက်ထားကာ ညှိုးငယ်စွာဖြင့် ပြည်သူလူထုကြီးထံမှ အလှူခံအပ်ပါသည်ခင်ဗျ” လို့ CAF က ဖော်ပြပါတယ်။

လက်ရှိ ထုတ်လုပ်ပြီးတဲ့ လက်နက်တွေဟာ တစ်လက်ကို ကျပ်တစ်သိန်းခွဲကနေ ကျပ်သုံးသိန်းခွဲအထိ ကုန်ကျတယ်လို့ ဆိုပါတယ်။

စက်ရုံထုတ်တွေလို ကောင်းမွန်အဆင့်မီတဲ့ လက်နက်တွေ ထုတ်လုပ်ဖို့ တွင်ခုံနှင့် ရန်ပုံငွေ အထောက်အပံ့တွေ လိုအပ်နေပြီး ထောက်ပံ့ကူညီလိုသူတွေ အနေနဲ့ CAF ရဲ့ ထောက်ပို့အဖွဲ့ CAF Support Team ဖေ့စ်ဘွတ်ခ်ကို ဆက်သွယ် ထောက်ပံ့ပေးကြပါလို့ မေတ္တာရပ်ခံထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #CAF #လက်နက်ခဲယမ်း #ရံပုံငွေ #အလှူခံ