စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲနေတဲ့ မြောင် TGR တပ်ဖွဲ့က ကျားခင်စိန်

စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲနေတဲ့ မြောင် TGR တပ်ဖွဲ့က ကျားခင်စိန်

MFP ၊ အောက်တိုဘာ - ၃

သက်တမ်း တစ်နှစ်ကျော်သာ ရှိသေးတဲ့ PDF တွေရဲ့ လက်နက်အင်အားက မြေပြင် တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုတာကို အာဏာသိမ်း စစ်အုပ်စု က ကောင်းကောင်း သဘောပေါက် နားလည်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတဝန်းမှာ ထင်တိုင်းကျဲ သောင်းကျန်း သတ်ဖြတ် နေတာပါ။

PDF တွေနဲ့ ထိပ်တိုက် ရင်ဆိုင် မတိုက်ရသေးပေမယ့် PDF တွေနဲ့ ပတ်သက်ပြီး စစ်အုပ်စု ကြောက်ရွံ့တဲ့ အချက်နှစ်ချက် ရှိပါတယ်။ အဲ့တာကတော့ မိုင်းနဲ့ ဒရုန်းပါ။

မိုင်းနဲ့ ဒရုန်းကို ကြောက်လို့ မန္တလေး - မုံရွာ လမ်းတလျှောက် အသွင်ယူ ပုံဖျက်ပြီး သွားလာနေတဲ့ စစ်အုပ်စုကို ဒရုန်းသုံးပြီး လက်စွမ်းပြ တိုက်ခိုက် သုတ်သင် နေသူတွေထဲ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။

သူမက မြောင် TGR အမျိုးသမီး ဒရုန်းတပ်ဖွဲ့ ခေါင်းဆောင် ကျားခင်စိန်ပါ။ အသားဖြူဖြူ၊ ခပ်၀၀နဲ့ မိန်းကလေးဆန်ဆန် ပုံသဏ္ဍန်ရှိတဲ့ ကျားခင်စိန်ဟာ စစ်အုပ်စု ကြောက်ရွံ့တဲ့ ဒရုန်းတစ်စီးနဲ့ ရန်သူ စစ်အုပ်စုကို နေ့စဉ် အမဲလိုက် သုတ်သင်နေပါတယ်။

မြောင် TGR အမျိုးသမီး ဒရုန်းတပ်ဖွဲ့က ကျားခင်စိန် အကြောင်း MFP က တင်ဆက်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #TGR #ကျားခင်စိန် #ဒရုန်း