MFP ၊ သြဂုတ် - ၁၉
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မုံရွာ ပကဖ က ထုတ်လုပ် ထားတဲ့ Shot Gun သေနတ်တွေကို ပကဖ ရဲဘော်တွေ၊ ရပ်ရွာ ကာကွယ်ရေး အဖွဲ့ဝင်တွေကို ဖြန့်ေ၀ တပ်ဆင် ပေးထားပြီလို့ မုံရွာ ပကဖ က သတင်း ထုတ်ပြန်ပါတယ်။
“မုံရွာမြို့နယ် ပကဖ မှ ထုတ်လုပ်သော ပကဖ Shot Gun များကို တော်လှန်သော ပြည်သူပြည်သားများ သိရှိနိုင်စေရန် မိတ်ဆက်တင်ပြလိုက်ရပါသည်။ 12 Gauge ကျည်ဖြင့် အသုံးပြုရပြီး ချေမှုန်းရေး နှင့် ကာကွယ်ရေး အတွက် ထိရောက်သော လက်နက်များဖြစ်ပါသည်။ ကာကွယ်ရေး ရဲဘော်များ နှင့် ရပ်ကျေးပကဖ များထံလဲ အတိုင်းအတာ တစ်ခုအထိ တပ်ဆင်ထားပြီး ဖြစ်သည်။
မုံရွာ ပကဖ အနေနဲ့ လက်နက်တွေ ပိုမို ထုတ်လုပ်နိုင်ဖို့နှင့် ကာကွယ်ရေး ရဲဘော်တွေကို ပိုမို တပ်ဆင်ပေးနိုင်ဖို့ ရံပုံငွေ လိုအပ်နေပြီး အများ ပြည်သူက ကူညီထောက်ပံ့ပေးကြဖို့လည်း မေတ္တာ ရပ်ခံထားပါတယ်။
မုံရွာ ပကဖ က ကာဘိုင်သေနတ်တွေ၊ မိုင်းတွေကိုလည်း ထုတ်လုပ် အောင်မြင်ခဲ့ပြီး ကျေးရွာ ပကဖ တွေကို ဖြန့်ဝေပေးနေတာ သေနတ် အလက်(၅၀)ကျော်နှင့် မိုင်းအလုံး (၃၀၀)ကျော် ရှိပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံထုတ် ကာဘိုင် စနုက်ပါတစ်လက်ကို ကျပ်သိန်း (၁၀၀)ကျော် ဈေးပေး ဝယ်ယူနေရချိန်မှာ နိုင်ငံတဝန်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ သေနတ်တွေ ကိုယ်တိုင် ထုတ်လုပ်ပြီး လက်နက်အားကိုးနှင့် လူသ-တ်၊ လုယက်၊ အကြမ်းဖက် နေတဲ့ အာဏာသိမ်း ဖက်ဆစ်တပ်ကို ခုခံတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
မုံရွာ ပကဖ က ထုတ်လုပ် အောင်မြင်ခဲ့တဲ့ လက်နက်များ/Photo - ပကဖ မုံရွာ
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ပကဖ #သေနတ် #မိုင်း #PDF #ကာဘိုင်