MFP ၊ ဩဂုတ်-၁၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြို့လယ်ခေါင် လမ်းဆုံ မီးပွိုင့်မှာ အမျိုးသမီးတွေဦးဆောင်ပြီး လူထုလွတ်မြောက်ရေး စာတန်းချိတ်ဆွဲဆန္ဒပြတာ ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ ကလေးမြို့ ပင်မသပိတ်အင်အားစု က ထုတ်ပြန်ပါတယ်။
“တော်လှန်နေသော အမျိုးသမီးများ ၊ ဘယ်တာ့မှသွေးအေးပြီး ကြောက်နေမှာမဟုတ်ဘူး၊ အကြောက်တရားနဲ့ အုပ်ချုပ်ခွင့်မရစေရ ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ” လို့ ထုတ်ပြန်စာထဲမှာ ထည့်သွင်း ကြွေးကြော်ထားပါတယ်။
ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းဟာ အာဏာသိမ်းတဲ့ကစပြီး နေ့စဉ်မပြတ်ဆန္ဒပြခဲ့ကြတာ ဒီကနေ့ဆိုရင် (၅၅၀)ရက်မြောက် ဖြစ်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့သပိတ် #လူထုသပိတ် #PeopleStrike