မုံရွာမြို့အနီး ချင်းတွင်းမြစ်မှာ စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီးကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊

မုံရွာမြို့အနီး ချင်းတွင်းမြစ်မှာ စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီးကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊

MFP ၊ သြဂုတ် - ၁၀

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆားလင်းကြီးကနေ မုံရွာမြို့ဘက် ခုတ်မောင်းလာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ရိက္ခာတင် အမြန်ရေယာဉ် တစ်စီးကို မနေ့ညနေပိုင်းက မုံရွာမြို့အဝင်မှာ ရှော့တိုက် ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် PDF တပ်ရင်း (၅) - Aung San Force က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၉)ရက်၊ ညနေ(၆)နာရီက ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာကနေ ရိက္ခာတွေ သယ်ယူပြီး မုံရွာဘက် ပြန်ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ အမြန်ရေယာဉ်ကို ရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ယင်းတိုက်ခိုက်မှုကြောင့် အမြန်ယာဉ်ပေါ်ပါ စကစ တပ်သားများ အထိအခိုက်များကြောင်း ဒေသခံ ပြည်သူအချို့မှ သတင်းပေးထားပါတယ်။ စကစ တပ်သား အကျအဆုံးနဲ့ ထိခိုက်မှုကိုတော့ အတည် မပြုနိုင်သေးပါ” လို့ Aung San Force က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့ အထက်နှင့် အောက်ဘက်ရှီ ချင်းတွင်း မြစ်ကမ်းဘေး ရွာတွေကို ဝင်မွှေလုယက် သောင်းကျန်းနေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ရရာနည်းလမ်းနဲ့ တိုက်ခိုက် နေတာဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ချင်းတွင်း #ဆားလင်းကြီး #ရေယာဉ် #ရှော့ဒုံး #တိုက်ခိုက်