MFP ၊ သြဂုတ်-၉
မုံရွာမြို့ပေါ်က စစ်အုပ်စုပိုင် မြဝတီဘဏ်မှာ အစောင့်ကျနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို ဒီမနက် အစောပိုင်းအချိန် အနီးကပ် ဗုံးထုတိုက်ခိုက်ခဲ့ရာ စကစ တစ်ယောက် လဲကျသွားတယ်လို့ မုံရွာ နတ်ဆိုး ဒီနေ့ သြဂုတ်(၉)ရက် မနက်(၅)နာရီကျော်က မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်က မြဝတီဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို အနီးကပ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မြဝတီဘဏ်တွင် စောင့်နေသော စခနှင့် ရခများအား နံနက် (၅:၁၀)မိနစ်တွင် အနီကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ကောင် လဲကျသွားပြီး ကျန်တဲ့ အကောင်တွေလည်း ထိမှန်ခဲ့ပါသည်။ စခ ၊ ရခ အသေအပျောက် စာရင်းကိုတော့ အတည်မပြုနိုင်သေးပါ။ ထိုပစ်ခတ်မှုတွင် ကျနော်တို့အဖွဲ့ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ နတ်ဆိုး ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။
မုံရွာမြို့မှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သ-တ်-ဖြတ် ငွေညှစ်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ဘဏ် #ဗုံး #နတ်ဆိုး #ပြောက်ကျားတပ်