စစ်အုပ်စုက စစ်ကိုင်းမှာ တစ်ပတ်အတွင်း ရွာ (၁၆)ရွာကို မီးရှို့၊ အရပ်သား (၂၂)ဦး သ-တ်ဖြ-တ်

စစ်အုပ်စုက စစ်ကိုင်းမှာ တစ်ပတ်အတွင်း ရွာ (၁၆)ရွာကို မီးရှို့၊ အရပ်သား (၂၂)ဦး သ-တ်ဖြ-တ်

MFP ၊ ဩဂုတ် - ၈

စစ်အုပ်စုက စစ်ကိုင်းတိုင်းမှာ ဩဂုတ်လ ပထမပတ် ခုနစ်ရက်တာကာလအတွင်း မြို့နယ် (၇) ခုမှာရှိတဲ့ ရွာ (၁၆) ရွာက နေအိမ်ပေါင်း ၅၃၄ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားပြည်သူ (၂၂) ဦး ကိုလည်း သ-တ်ဖြ-တ်ခဲ့တယ်လို့ MFP က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မီးလောင်ဆုံးရှုံးမှု စာရင်းမသိရသေးတဲ့ ရွာပေါင်း (၆) ရွာ အထိရှိခဲ့ပြီး ကလေးမြို့နယ်ထဲက သာယာကုန်းရွာ၊ ခင်ဦးနယ်က အုပ်ရှစ်ကြီးရွာ၊ ပုလဲမြို့နယ်က သာယာကုန်းရွာ၊ ဝက်လက်မြို့နယ်က မူးကမ်းလေးရွာ၊ မင်းကင်းမြို့နယ်က ဖက်ခက်ရွာနဲ့ အရာတော်မြို့နယ်က အောင်သာရွာတို့ ဖြစ်ပါတယ်။

MFP က လတ်တလော ကောက်ယူရရှိထားတဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုစာရင်းတွေအရ ကလေးမြို့နယ်မှာ နေအိမ် (၁၀) လုံး ၊ ဒီပဲယင်းမြို့နယ်မှာ နေအိမ် (၁၅၃) လုံး၊ ပုလဲမြို့နယ်မှာ နေအိမ် (၁) လုံး၊ မြင်းမူမြို့နယ်မှာ နေအိမ် (၁၅) လုံး၊ အရာတော်မြို့နယ်မှာ နေအိမ် (၃၅၅) လုံး တို့ဖြစ်ပြီး စုစုပေါင်း (၃၅၄) လုံးကို မီးရှို့ဖျက်ဆီးခံထားရပါတယ်။

No photo description available.



ဒါ့အပြင် ဩဂုတ်လပထမပတ်ထဲမှာပဲ စစ်ကိုင်းတိုင်းထဲက အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၂) ဦးနဲ့ ကျား/မ အတည်မပြုနိုင်သေးသူ (၁၀) ဦး တို့ကို စစ်အုပ်စုက သ-တ်ဖြ-တ်ခဲ့ပြီး စုစုပေါင်း အသ-တ်ခံရသူ (၂၂) ဦး ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးရှို့ဖျက်ဆီး #အရပ်သား 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ