အရာတော်နယ်ထဲ မွှေနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စကစ (၁၅)ယောက်ခန့် သေ၊ လေကြောင်း ပစ်ကူလာလို့ ပြန်ဆုတ်ခွာခဲ့ရဟုဆို၊

အရာတော်နယ်ထဲ မွှေနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စကစ (၁၅)ယောက်ခန့် သေ၊ လေကြောင်း ပစ်ကူလာလို့ ပြန်ဆုတ်ခွာခဲ့ရဟုဆို၊

MFP ၊ သြဂုတ် - ၅

စစ်ကိုင်းတိုင်း မြင်းမူနှင့် အရာတော်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သ-တ်-ဖြတ် မီးရှို့ သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ သြဂုတ်(၄)ရက်က တိုက်ပွဲ ဖြစ်ပြီး စကစ (၁၅)ယောက် သေတယ်လို့ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု တပ်ရင်း(၂/၂) - Zayar စစ်ကိုင်း ARA တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၄)ရက်က အရာတော်နယ် ကံပြား၊ ခွက်ခွင်း၊ ရသာ၊ မင်းရွာ (မြင်းမူ - အရာတော်နယ်စပ်) စတဲ့ ရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ အင်အား (၆၀)ခန့်ပါ အကြမ်းဖက် စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ခွေး 15ကောင်ခန့် သေဆုံးပြီး၊ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ PDF မဟာမိတ်များဘက်မှ အထိခိုက် အကျအဆုံး မရှိသော်လည်း လေကြောင်းပစ်ကူဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်” လို့ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု တပ်ရင်း(၂/၂) - Zayar စစ်ကိုင်း ARA တပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုတပ်ရင်း(၂/၂) - Zayar7 စစ်ကိုင်း ARA၊ မြင်းမူလျှပ်စီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော် PDF တပ်ရင်း (၆)နှင့် နယ်မြေခံ မဟာမိတ် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #မင်းရွာ #PDF #တိုက်ပွဲ