ရွေဘိုမှာ ဘဏ်အစောင့် စစ်အုပ်စုကို အနီးကပ် တိုက်ခိုက်ရာ စကစ တစ်ယောက်သေပြီး သုံးယောက်ထက်မနည်း ဒဏ်ရာရ၊

ရွေဘိုမှာ ဘဏ်အစောင့် စစ်အုပ်စုကို အနီးကပ် တိုက်ခိုက်ရာ စကစ တစ်ယောက်သေပြီး သုံးယောက်ထက်မနည်း ဒဏ်ရာရ၊

MFP ၊ နိုဝင်ဘာ - ၁၂

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ မြန်မာ့စီးပွားရေး ဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း ရှစ်ပေအကွာထိ သွားရောက်ပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ဲ့ရာ စကစ တစ်ယောက် ပွဲချင်းပြီး သေပြီး သုံးယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၂)ရက် နေ့လည်(၁၁)နာရီခွဲမှာ ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတောင်ဘက်၊ မြဝတီဘဏ်အနီး စီးပွားရေးဘဏ်ရှေ့မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ နှင့် M.T Black Dragon People Defence Force တို့ ပူးပေါင်းပြီး အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စီးပွားရေးဘဏ်ရှေ့မှာ စောင့်သော ခွေးများအား ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့သည်။ စီးပွားရေးဘဏ်အရှေ့တွင် တောင်ဘက်၊ မြောက်ဘက် ဆောက်ထားသော ဘန်ကာ နှစ်ခု ရှိသည့်အနက် တောင်ဘက် ဘန်ကာတွင် ရှိသော ခွေးတစ်ကောင်အား ရှစ်ပေခန့်အကွာထိ သွားရောက်ကာ အသင့်ပါလာသည့် အတိုနှင့် ငါးချက်တိတိ ပစ်ခတ် ရှင်းလင်းခဲ့သည့်အတွက် ဦးခေါင်းပွင့်ထွက်ကာ ဦးထုတ်များပါ ကျွတ်လျက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ မြောက်ဘက် ဘန်ကာမှ သေနတ်မောင်းတင်ကာ ထွက်လာသော စခ ရှိသည့် နေရာအားလည်း မင်းဂွတ်သီးတစ်လုံး ပစ်ထည့်ပေးလိုက်ပါသည်။ ပေါက်ကွဲမှု့ကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦး ထက်မနည်း ရှိနိုင်ပါသည်” လို့ သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုကို တိုက်ခိုက်ပြီးနောက် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ စစ်အုပ်စုကို ရရာနည်းနဲ့ တိုက်ခိုက်နေပြီး ဆက်လက်ပြီး မစ်ရှင်တွေ ဖော်ဆောင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေကာ အများပြည်သူ အနေနဲ့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာကတဆင့် ဆက်သွယ်လှုဒါန်းပေးကြဖို့လည်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ရွေဘိုမြို့ စီးပွားရေးဘဏ်အစောင့် စစ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးနှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး/Photo – TBK

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွေဘို #TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ