စစ်အုပ်စုက လုပ်တဲ့ မေမြို့ တန်ဆောင်တိုင် လောင်းကစားပွဲမှာ ဒေသခံတချို့ ကျပ်သိန်းဆယ်ချီ ရှုံး၊ ပိတ်ပွဲမှာ မေသန်းနု၊ မမဆောင်း၊ ငြိမ်းချမ်းနဲ့ ဒိန်းဒေါင် စတဲ့ အဖြူရောင် အနုပညာရှင် ဆိုသူတွေ လာရောက်၊

စစ်အုပ်စုက လုပ်တဲ့ မေမြို့ တန်ဆောင်တိုင် လောင်းကစားပွဲမှာ ဒေသခံတချို့ ကျပ်သိန်းဆယ်ချီ ရှုံး၊ ပိတ်ပွဲမှာ မေသန်းနု၊ မမဆောင်း၊ ငြိမ်းချမ်းနဲ့ ဒိန်းဒေါင် စတဲ့ အဖြူရောင် အနုပညာရှင် ဆိုသူတွေ လာရောက်၊

MFP ၊ နိုဝင်ဘာ - ၈

အာဏာသိမ်း စစ်အုပ်စုက ဦးစီးလုပ်နေတဲ့ မေမြို့ တန်ဆောင်တိုင် လောင်းကစားပွဲမှာ ဒေသခံတချို့ ကျပ်သိန်း ဆယ်ချီ အရှုံးပေါ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ (၄) ရက်ကနေ (၈) ရက်အထိ စစ်အုပ်စုက လုပ်တဲ့ မေမြို့တန်ဆောင်တိုင်ပွဲမှာ အရက်ဆိုင်၊ ဘီယာဆိုင်နဲ့ လောင်းကစားဝိုင်းတွေကို ဆိုင်ခန်းရာချီကာ ထည့်သွင်းခဲ့ပြီး မေမြို့ သာမက အနီးဝန်းကျင်ကပါ လောင်းကစား လာလုပ်သူတွေလည်း များတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ မူဆယ်တို့ လောက်ကိုင်တို့ဘက်က လောင်းကစားဒိုင်တွေ လာတာလို့ ကြားတယ်၊ ပြောရရင် နယ်လှည့် လောင်းကစားပွဲတွေ လုပ်နေသူတွေပဲ။ သူတို့ရဲ့ လောင်းကစားဝိုင်းမှာ ထိုးသားတစ်ဝက်လောက်က သူတို့လူပဲ၊ ဆော့မိတဲ့ မြို့ခံတွေထဲမှာ ကျပ်သိန်းဆယ်ချီပြီး ရှုံးတဲ့သူတွေရှိတယ်လို့ ကြားရတယ် “ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက လုပ်တဲ့ မေမြို့ တန်ဆောင်တိုင် လောင်ကစားပွဲကို ဗိုလ်မှူးအဆင့် တစ်ယောက်က ကန်ထရိုက်ဆွဲပြီး လောင်းကစားဝိုင်းတွေအနီး စကစတွေနဲ့ လုံခြုံရေး ပေးထားတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုရဲ့ မေမြို့ တန်ဆောင်တိုင်ပွဲကို ဒီည ပိတ်ပွဲလုပ်ရာမှာ မေသန်းနု၊ မမဆောင်း၊ ငြိမ်းချမ်းနဲ့ ဒိန်းဒေါင် စတဲ့ အဖြူရောင်အနုပညာရှင်တွေ လာရောက်တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်သလို ဒေသခံတွေက ပြောပါတယ်။

မေသန်းနု၊ မမဆောင်း၊ ငြိမ်းချမ်း၊ ဒိန်းဒေါင်၊ ဂျင်မီ၊ ဆူဇီ၊ မြကြာညိုနဲ့ သားစစ် ဆိုသူတို့က မေမြို့ တန်ဆောင်တိုင်ပွဲကို သီချင်းလာဆိုပေးခဲ့ပြီး အဲ့ဒီ အဆိုတော်နဲ့ ဟာသလုပ်သဝူတွေဟာ စစ်အုပ်စုရဲ့ ပွဲလမ်းသဘင်တွေမှာ နယ်လှည့်လိုက်ပါနေသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုက လုပ်တဲ့ မေမြို့ တန်ဆောင်တိုင် လောင်းကစားပွဲ ပိတ်ပွဲ/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့ #တန်ဆောင်တိုင် #လောင်းကစားဝိုင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ