ရေဦး ကြားပန်းဝိုင်းအနီးမှာ စစ်အုပ်စုကို မိုင်း(၁၂)လုံးနဲ့ ဖောက်ခွဲ၊ (၁၀)ယောက် သေဟုဆို၊

ရေဦး ကြားပန်းဝိုင်းအနီးမှာ စစ်အုပ်စုကို မိုင်း(၁၂)လုံးနဲ့ ဖောက်ခွဲ၊ (၁၀)ယောက် သေဟုဆို၊

MFP၊ သြဂုတ် - ၃၁

စစ်ကိုင်းတိုင်း ရေဦးမြို့ ကြာပန်းအဝိုင်းအနီးက မူးမြစ်ကူးတံတားမှာ ဒီညနေပိုင်း စစ်အုပ်စုကို မိုင်း(၁၂)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ (၁၀)ယောက် သေပြီး သုံးယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို ခင်ဦး ထောက်ပံ့ရေးအဖွဲ့ - KSO တပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၃၁)ရက် ညနေ(၅)နာရီက သံချပ်ကာ ကားအပါအဝင် ခင်ဦးမြို့ပေါ်က ထွက်လာတဲ့ စကစတွေ ကြာပန်းအဝိုင်းအနီးမှာ ခြေလျှင်ဆင်းပြီး ရေဦးနယ်ဘက် ဝင်ရောက်ချိန် မူးမြစ်ကူး တံတားနားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဖောက်ခွဲတိုက်ခဲ့ရာ (၁၀)ကောင် နေရာတင် ငရဲလားကာ သုံးကောင် အပြင်းအထန် အမော ဖောက်သွားခဲ့တယ်"လို KSO က ဖော်ပြပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ခင်ဦးနယ် ပျဉ်ထောင်ရွာ ပျူစခန်းထဲ ရောက်နေတဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ စကစ အလောင်းတွေကို သွားရောက်သယ်ဆောင်ဖို့ ရေဦးမြိုကနေ ထွက်လာတာလို့ ဆိုပါတယ်။ ရေဦးမြို့ ကြားပန်းအဝိုင်းအနီးက မူးမြစ်ကူးတံတားဟောင်းပေါ် စကစ အင်အား (၄၀)လောက် ခြေလျင်လျှောက်လာချိန် တံတားအရှေ့ထိပ်ကို ကနဦး ရောက်လာတဲ့ စကစ (၁၅)ယောက်အစုကို KSO အဖွဲ၊ Khin U Dog Killers -KDK၊ Wolf Guerrilla (Ye U) နှင့် မဟာမိတ်တွေက မိုင်း (၁၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

မိုင်းဆွဲခံရပြီး သေဆုံးဒဏ်ရာရတဲ့ စကစတွေကို ဆိုင်ကယ်တွေနဲ့ လာသယ်သွားပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို ရေဦးမြိုအဝင် ကြာပန်းဝိုင်းနားကနေ လက်နက်ကြီးငယ်တွေနဲ့ ရမ်းကားပစ်ခတ်နေတယ်လို့ KSO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

"မိမိတို ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ KSO က ထုတ်ပြန်ပါတယ်။

ဒီမနက်ပိုင်း ခင်ဦးနယ် ပျဉ်ထောင်ရွာက စကစနဲ့ပျူတွေကို ရွာအပြင် လယ်ကွက်တွေအနီးမှာ ဒေသကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာက ပျူတွေက တဲစုရွာဘက်အထိ လိုက်လံပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုမှာ စကစနဲ့ ပျူ ခြောက်ယောက်ခန့် သေပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ကာ ရေဦးကနေ ခင်ဦးနယ် ပျဉ်ထောင်ရွာဘက် အလောင်း လာသယ်တဲ့ စစ်အုပ်စုကို ညနေပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။

ခင်ဦးနှင့် ရေဦး မြို့ပေါ် အပါအဝင် ကျေးရွာတွေထဲ စကစနှင့် ပျူတွေ သောင်းကျန်းနေပြီး ပြီးခဲ့တဲ့ သြဂုတ် (၂၉)ရက်ကလည်း ခင်ဦးမြိုအဝင် ကြာပန်းအဝိုင်းမှာ စစ်အုပ်စုက ခရီးသွားပြည်သူ (၃၀)ကျော်ကို ဖမ်းဆီးငွေညှစ် ရန်ပြုခဲ့ပြီး ငွေမပေးနိုင်တဲ့ ပြည်သူတွေကို တစ်နေကုန် အစာငတ်၊ ရေငတ်ထား နေပူလှန်းကာ ည(၇)နာရီမှ ပြန်လွှတ်ပေးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ခင်ဦး #ရေဦး #ကြာပန်းအဝိုင်း #ပျဉ်ထောင်ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ