စစ်အုပ်စုက ဩဂုတ် (၂၅) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာလေးရွာ မီးရှို့၊ ရွာနှစ်ရွာကို နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့

စစ်အုပ်စုက ဩဂုတ် (၂၅) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာလေးရွာ မီးရှို့၊ ရွာနှစ်ရွာကို နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့

MFP ၊ ဩဂုတ် - ၂၆

စစ်အုပ်စုဟာ ဩဂုတ်လ (၂၅) ရက်နေ့မှာ စစ်ကိုင်းတိုင်းထဲက ရွာလေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီထဲက ရွာနှစ်ရွာကိုတော့ နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

ကောလင်းမြို့နယ်ထဲက အောင်ချမ်းသာရွာကို ဩဂုတ် ၂၄၊ ၂၅ ရက်နဲ့ ကနီနယ်ထဲက ဇီးပင်တွင်းရွာကို ဩဂုတ် ၂၅၊၂၆ ရက်တို့မှာ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ကောလင်းမြို့နယ်ထဲက အောင်ချမ်းသာရွာ(စာရင်းမသိရသေး)၊ ရွာသစ်ရွာ(စာရင်းမသိရသေး)၊ ကနီနယ်ထဲက ဇီးပင်တွင်းရွာတို့ မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်အုပ်စုက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံ ကျရောက်ခဲ့လို့ ဆားလင်းကြီးနယ် ကံကုန်းမှာ နေအိမ် နှစ်လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီလအတွင်း စစ်အုပ်စု သ-တ်ဖြ-တ်ခဲ့တဲ့ အရပ်သားပြည်သူ (၇၀) ကျော်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေအိမ်မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ