ပုလဲ ပအဖရုံး စီးနင်းခံရမှု (၁၆)ဦး အသတ်ခံရ၊ တိုက်ပွဲမှာ စကစ ကွန်မန်ဒိုတွေ အထိနာပြီး ထွက်ပြေး၊

ပုလဲ ပအဖရုံး စီးနင်းခံရမှု (၁၆)ဦး အသတ်ခံရ၊ တိုက်ပွဲမှာ စကစ ကွန်မန်ဒိုတွေ အထိနာပြီး ထွက်ပြေး၊

MFP ၊ အောက်တိုဘာ - ၂၉

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဖလံပင်ရွာအနီးက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ ရုံးကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ်ပြီး အထူးကွန်မန်ဒို ဆိုသူ အင်အား (၁၀၀)ကျော်နဲ့ စီးနင်းသောင်းကျန်းရာ ကျောင်းသားနှင့် အချုပ်သားတွေ အပါအဝင် စုစုပေါင်း အလောင်း (၁၆)လောင်း တွေရှိတယ်လို့ ပုလဲနယ် ပအဖ ဥက္ကဌ က ပြောပါတယ်။

သေဆုံးသူ (၁၆)ဦးမှာ PDF ရဲဘော် သုံးဦး၊ ရှစ်တန်းကျောင်းသားတစ်ဦး၊ ပြည်သူ နှစ်ဦး၊ ပျူ၊ ဒလန်၊ မုဒိမ်းမှု၊ ခိုးမှုနဲ့ မူးရစ်ရမ်းကားမှုတို့ကြောင့် ပအဖ ရုံးအချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားသူ ရှစ်ဦးနှင့် ရဲCDM နှစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငွေသား ကျပ်သိန်း (၁၇၀၀)၊ ပရိုဘောက် ကားတစ်စီး၊ ကွန်ပျူတာ ၊ ပရင်တာ ၊ လိုင်းအားမြှင့်စက် အပါအဝင် ရုံးအသုံးအဆောင် ပစ္စည်းတွေကို စစ်အုပ်စုက လုယက် ဖျက်ဆီးသွားတယ်လို့ ပုလဲမြို့နယ် ပအဖက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ဗိုလ်မိန်းမ သီတာဦး အပါအဝင် ပုလဲ ပကဖ က ဖမ်းဆီးထားတဲ့ ပျူနှင့် ဒလန် (၁၆)ဦး ပျောက်ဆုံးတယ်လို့ ဆိုပါတယ်။

ပုလဲ ပအဖ ရုံးကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းတဲ့ စစ်အုပ်စုဟာ အချုပ်သားနှင့် ပြည်သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်သွားပေမယ့် တိုက်ပွဲဖြစ်ပွားချိန်မှာတော့ လေကြောင်း ပစ်ကူခေါ်ကာ ထွက်ပြေးသွားတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ရဟတ်ယာဉ်တွေနဲ့ ချပေးပြီး ဖလံပင်ရွာ အပါအဝင် ပုလဲနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ယင်းမာပင်ခရိုင်အမှတ်(၇)တပ်ရင်း Royal Eagle ၊ ခရိုင်အမှတ်(၈)တပ်ရင်း Headquarters၊ ခရိုင်တပ်ရင်း(၉)PRA၊ခရိုင်တပ်ရင်း(၁၀)ဒေါင်းနက်၊ ခရိုင်တပ်ရင်း(၁၁)ကျားသစ်နက်၊ ခရိုင်တပ်ရင်း(၁၂) Guerilla Ranger၊ခရိုင်တပ်ရင်း(၁၃)PRA၊ ခရိုင်တပ်ရင်း(၁၉)Pale Joker၊ ခရိုင်တပ်ရင်း(၂၀)ရိုးမရာဇာ၊ စကားပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ God Of Myaing၊ 7star(မြိုင်)၊ R7 (မြိုင်)၊ 3 in 1 (မြိုင်)၊ PGF(ပေါက်)၊ ရွှေတြိဂံ(ယင်းမာပင်)၊ Alpha(ဆားလင်းကြီး)၊ သံမဏိ(မုံရွာ MPDF) နှင့် အခြားသော ဒေသခံ PDF တွေ ပူးပေါင်းပြီး နှစ်ရက်ဆက် တိုက်ခိုက်ရာမှာ စကစ ခြောက်ယောက်ထက်မနည်း သေပြီး လေကြောင်း ပစ်ကူခေါ်ကာ ရဟတ်ယာဉ်တွေနဲ့ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #ပအဖ #ပလဖ #ဖလံပင်ရွာ