မင်းကင်းကနေ ကလေးဝဘက် ဆန်တက်နေတဲ့ စစ်ရေယာဉ်တွေကို တိုက်ခိုက်၊ (၄၀မမ)ထိပြီး စကစ နှစ်ယောက် သေ၊

မင်းကင်းကနေ ကလေးဝဘက် ဆန်တက်နေတဲ့ စစ်ရေယာဉ်တွေကို တိုက်ခိုက်၊ (၄၀မမ)ထိပြီး စကစ နှစ်ယောက် သေ၊

MFP ၊ အောက်တိုဘာ - ၁၂

စစ်ကိုင်းတိုင်း မင်းကင်းမြို့ကတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက် ကလေးဝ၊ ခန္တီးဘက် ဆက်လက် ဆန်တက်နေတဲ့ စစ်သင်္ဘောတစ်စီးပါ စစ်အုပ်စုရဲ့ ရေယာဉ် (၁၃)စီးကို မနေ့က မနက်ပိုင်း ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် သေတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - MinKin People's Defence Force - Mkpdf-2 က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၁)ရက် မနက်(၉)နာရီခွဲက မင်းကင်းမြို့ရဲ့ အထက်ဘက်၊ မြစ်ကမ်းဘေးကနေ စစ်အုပ်စု ရေယာဉ်တွေကို စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်အုပ်စုမော်တော် (၁၂ )စီးကို လက်နက်ကြီး၊ လက်နက်ငယ်၊ Sniper စနိုက်ဘာများဖြင့် (၁၅)မိနစ်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ တပ်ခွဲ - ၃ မှ ပစ်သော (၄၀မမ)ကျည် တစ်လုံး ထိ၍ စခ နှစ်ကောင် ဒဏ်ရာရ သေဆုံးသည်ဟု သတင်းရရှိပြီး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွ ာဆုတ်ခွာနိုင်ခဲ့ပါသည်" လို့ မင်းကင်း MKPDF 2 က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ကလေးခရိုင် ၊ အမှတ် (၁၁)တပ်ရင်း ၊ မင်းကင်းမြို့နယ် ၊ တပ်ခွဲ (၃)နှင့် မန်ကျည်းတိုက်သိမ်း ပကဖ ပူပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ(၃)ရက်ကတည်းက မုံရွာက တက်လာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို အောက်တိုဘာ (၄)ရက်၊ (၅)ရက်နှင့် (၆)ရက်တွေအတွင်း ကနီနယ်ထဲ ဖြတ်သန်းချိန်မှာလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး စကစတွေ အသေအပျောက်တွေ ရှိခဲ့ပါတယ်။

"စစ်ကောင်စီ ရေယာဉ်(၁၃)စီး အုပ်စုသည် မင်းကင်းအောက်မြစ်ရိုး စစ်အခြေစိုက်စခန်း ပန်းဆက်တွင် အောက်တိုဘာ (၇/၈/၉/၁၀) လေးရက်တိတိ အနားယူကာ ရေယာဉ်အချို့ကို ပြင်ဆင်ခြင်း၊ ပျူအထီး၊ ပျူအမများနှင့်အတူ သီတင်းကျွတ်ပွဲတော် ဆင်နွှဲခြင်း စသည်များကို ပြုလုပ်ပြီးနောက် ယနေ့ အောက်တိုဘာ(၁၁) နံနက် (၈:၀၀)အချိန်မှ စတင်ကာ ချင်းတွင်းအထက်သို့ ဆန်တက်ကြောင်း သိရပါသည်" လို့ ချင်းတွင်းချစ်သူ အဖွဲ့က ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ ရေယာဉ်တွေပေါ်မှာ စစ်ကားတွေ အပြင် လက်နက် ခဲယမ်းတွေ တင်ဆောင်လာပြီး ခန္တီးကတဆင့် ကချင်ပြည်နယ်ဘက် ပို့ဆောင်ပေမယ့် ပစ္စည်းတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

Video - Kani Ice PDF ၊ သိန်းငှက်ပြောက်ကျား - Kani ၊ Union Liberation Front

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မင်းကင်း #ချင်းတွင်း #ရေယာဉ် #MKPDF