သတိ… ကလေးစစ်သား အသုံးမပြုရပါ

သတိ… ကလေးစစ်သား အသုံးမပြုရပါ

MFP ၊ သြဂုတ် - ၂

ကမ္ဘာပေါ်က မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမှ ကလေးစစ်သား အသုံးမပြုရပါ။

ကလေးစစ်သား ဆိုတာ အသက်(၁၈)နှစ် မပြည့်သေးဘဲ လက်နက်ကိုင် အဖွဲ.အစည်း၊ အုပ်စုတစ်ခုခုရဲ့ စစ်သားအဖြစ် အသုံးချခံရသူ၊ စုဆောင်းခံရသူကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

ကလေးသူငယ်၊ ယောင်္ကျားလေး၊ မိန်းကလေး ကန့်သတ်မှု မရှိဘဲ တိုက်ခိုက်ရေးအဖြစ် အသုံးပြုမှု သာမက ထမင်းချက်၊ အထမ်းသမား၊ သူလျှို နှင့် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုမှု တွေကိုပါ ကလေးစစ်သားအဖြစ် သတ်မှတ်တယ်လို့ ပဲရစ် ကတိကဝတ်နှင့် ကျင့်ဝတ် (Paris Principles)က ဖွင့်ဆိုပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးစစ်သား အသုံးပြုခြင်းဟာ ကြီးလေးတဲ့ "လူ့အခွင့်အရေး ချိုးဖောက်မှု" ဖြစ်ပါတယ်။

ကလေး စစ်သား အသုံးမပြုဖို့ ကမ္ဘာ့ကုသလမဂ္ဂက တားမြစ်ထားသလို နိုင်ငံတကာ ဥပဒေတွေမှာလည်း တားမြစ် ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေ စာချုပ်အရ အသက်(၁၈)နှစ်အောက် ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတာ၊ အသုံးပြုတာတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က စီရင်နိုင်တဲ့ စစ်ရာဇဝတ်မူ အဖြစ် သတ်မှတ်ထားပါတယ်။

အသက်(၁၈)နှစ်အောက် ကလေးတွေကို စစ်မှုထမ်းအဖြစ်က နှုတ်ထွက်ခွင့်ပြုပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် လူမူဘ၀ ပြန်လည်ပေါင်းစပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂက အကြံပြု တိုက်တွန်းထားပါတယ်။

#Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးစစ်သား #ပညာပေး