ကူမဲမှာ ပထမအကြိမ် ပစ်ခတ်ခံရချိန် အသက်မသေတဲ့ စကစအုပ်ကြီး အိမ်ထဲထိ ဝင်ရောက် ပစ်ခတ်ခံရကာ သေဆုံး၊ ကူမဲမှာ ပထမအကြိမ် ပစ်ခတ်ခံရဖူးတဲ့ စကစ အုပ်ကြီး နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခံရ၊

ကူမဲမှာ ပထမအကြိမ် ပစ်ခတ်ခံရချိန် အသက်မသေတဲ့ စကစအုပ်ကြီး အိမ်ထဲထိ ဝင်ရောက် ပစ်ခတ်ခံရကာ သေဆုံး၊ ကူမဲမှာ ပထမအကြိမ် ပစ်ခတ်ခံရဖူးတဲ့ စကစ အုပ်ကြီး နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခံရ၊

MFP ၊ စက်တင်ဘာ - ၅

Video - Urban Guerrilla Force KuMe _UGF-KuMe

မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့ တလိုင်းကုန်းရပ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင် ဆိုသူကို ဒီမနက်ပိုင်းမှာ နေအိမ်ထဲအထိ ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Urban Guerrilla Force KuMe - UGF-KuMe က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၅)ရက် မနက်(၆)နာရီခွဲက မြစ်သားမြို့နယ် ကူမဲမြို့ တလိုင်းကုန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးဒမှူး သန့်ဇင်ကို Urben Gurrilla Force Kume နှင့် မဟာမိတ် KyaukSe District Defense Force (KDDF) တို့ ပူးပေါင်းပြီး ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“သန့်ဇင်သည် ယခင် Sintgaing LPDF မှ သု-တ်-သင် ရှင်းလင်းဖူးသော်လည်း အသက်မသေဘဲ စစ်ကောင်စီမှ ပေးအပ်သော တာဝန်များ ဆက်လက်ဆောင်ရွက်နေခြင်း၊ ယခင် ကူမဲ စခန်းမှုး အောင်ဇော်လင်းသိန်း (အောင်ဇော်မင်းထွန်း) နှင့်အတူ လောင်းကစားဝိုင်းများ ထောင်ခြင်း၊ ကျည်ကာဝတ်ပြီး ခါး၌ သေနတ်ထိုးကာ အလှူ မင်္ဂလာဆောင်များပါ မကျန် ခြိမ်းခြောက် ငွေတောင်းခြင်းများ ပြုလုပ်ခြင်း၊ စကစ တပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါ၍ သတင်းပေးခြင်း၊ ပြည်သူလူအား ခြိမ်းခြောက်အကြပ်ကိုင် ငွေညှစ်ခြင်းများကို ယခင်ကထက် ပိုမို ပြုလုပ်လာကြောင်း ကျွန်ုပ်တို့အား လူထူမှ အကြိမ်ကြိမ် တိုင်ကြားလာပါသောကြောင့် သု-တ်-သင် ရှင်းလင်းလိုက်ရပါသည်” လို့ UGF(kume) က ဖော်ပြပါတယ်။

ဒီမနက် နေအိမ်ထဲထိ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခံရတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင် (အသက် ၄၀ ဝန်းကျင်) ဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ပထမအကြိမ်အဖြစ် ကူမဲ စခန်းမှူးနှင့်အတူ လက်ဘက်ရည်ဆိုင်ထဲ ရှိနေချိန် ပစ်ခတ် ခံရပေမယ့် အသက် မသေဘဲ ယနေ့မှာ ဒုတိယအကြိမ် ပစ်ခတ်ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးဒမှူး ပစ်ခတ် ရှင်းလင်းခံရပေမယ့် စစ်အုပ်စုက နေ့လည်ပိုင်းအထိ လာရောက် စစ်ဆေးတာ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း ကျောက်ဆည်၊ မြစ်သား၊ ကူမဲ စတဲ့ နယ်တွေထဲ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး ငွေညှစ်တာ၊ ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ်ပြီး အလောင်းတွေကို လမ်းဘေး စွန့်ပစ်တာတွေ ကျူးလွန်နေသလို စစ်အုပ်စုနှင့် ဆက်စပ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်သား #ကူမဲ #တလိုင်းကုန်းရွာ #UGF_Kume