MFP ၊ သြဂုတ် - ၃၀
မုံရွာမြို့မှာ လမ်းမပေါ် ဂိတ်ဖွင့်ပြီး လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစ သုံးယောက် သေတယ်လို့ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MPDF က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ သြဂုတ်(၃၀)ရက် နေ့လည်(၁)နာရီခွဲက မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်က မြဝတီဘဏ်ရှေ့မှာ ဂိတ်ဖွင့်ပြီး လက်နက်ပြ မိုက်ကြေးခွဲ၊ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မုံရွာမြို့ မြဝတီဘဏ် ရှေ့တွင် ဆက်ကြေးကောက် ဂိတ်စောင့် ခွေးအ တအုပ်ကို အမှည့်ခြွေခဲ့ရာ သုံးကောင်မှာ မုန့်ဟင်းခါး ဖြစ်သွားကြောင်း အတိအကျ သတင်းရရှိခဲ့သည်။ အဆိုပါ ပြောက်ကျားစစ်ဆင်ရေးတွင် ဆိုင်ကယ်စီးပြည်သူ တချို့မှာ ဖြတ်သန်းသွားလာသဖြင့် ရဲဘော်များ အပစ်ရပ်ကာ ဆုတ်ခွာခဲ့ရသဖြင့် လက်နက် ရယူနိုင်မည့် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ မိဘ ပြည်သူ များအနေဖြင့် အကြမ်းဖက် ခွေးအ များနှင့် ဝေးရာမှ ရှောင်ကွင်းပေးခြင်းဖြင့် ၊ မြို့ပြရဲဘော်များအားအကူအညီပေးပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်” လို့ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MPDF က ဖော်ပြပါတယ်။
အဲ့ဒီ စစ်ဆင်ရေးကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)၊ မုံရွာခရိုင်အမှတ် (၁) တပ်ရင်း ၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) ၊ Monywa Hero Group (MHG) နှင့် မုံရွာ နတ်ဆိုး အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ဂိတ်တဲ #MPDF