MFP ၊ အောက်တိုဘာ - ၁၁
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ရွှေတိုက်တိုက်နယ် ရဲစခန်း ဒီမနက်ပိုင်းမှာ ဒရုန်းနဲ့ သုံးကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ(၁၁)ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရတာ ဖြစ်ပြီး ဗုံးထုခံရပြီးနောက် စခန်းထဲက စကစတွေရဲ့ ငိုယိုအော်ဟစ်တဲ့အသံ ဆူညံနေတယ်လို့ Voice Of Wundwin က ဖော်ပြပါတယ်။
ဗုံးထုခံရတဲ့ စကစတွေ အသေအပျောက် ရှိနိုင်ပေမယ့် အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ဒရုန်းနဲ့ကျဲတာတဲ့။ ဂတ်စာရေးနဲ့ နယ်ထိန်းကိုတော့ ကားနဲ့တင်သွားပြီး သေလားရှင်လားတော့ မသိရဘူး “ လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ဗုံးထုခံရပြီးနောက် စကစတွေ ထပ်ရောက်လာပြီး စခန်းဝန်းကျင်မှာ ကင်းပုန်းတွေ ချထားကာ စစ်ဆေးတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
"ဒရုန်းက အရှေ့မြောက်က လာလို့ဆိုပြီး ခွေးတွေကတော့ ကျားသေကန်ဘက်ကို သွားကုန်ကြတယ်တဲ့။ အခုရွှေတောင်မှာ အင်အား ခန့်မှန်း ၄၊ ၅၀ ရောက်နေတယ်တဲ့" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဗုံးကျဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #ရွှေတောင်ရဲစခန်း #ဒရုန်း
ဝမ်းတွင်းနယ် ရွှေတောင်ရဲစခန်း ဒရုန်းနဲ့ ဗုံးကျဲခံရ၊ စကစတွေ အော်ဟစ်ငိုယိုနေ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024