တန့်ဆည်နယ် အင်္ကုက္ကားရွာ ပျူစခန်းကို ရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စကစပျူတွေ အသေအပျောက် ရှိနိုင်၊

တန့်ဆည်နယ် အင်္ကုက္ကားရွာ ပျူစခန်းကို ရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စကစပျူတွေ အသေအပျောက် ရှိနိုင်၊

MFP ၊ အောက်တိုဘာ - ၆

စစ်ကိုင်းတိုင်း တန်ပဆည်မြို့နယ် အင်္ကုက္ကားရွာ ပျူစခန်းကို ဒီနေ့ ညဦးပိုင်းမှာ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစနဲ့ ပျူတွေ အသေအပျောက် ရှိနိုင်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၆)ရက် ည(၈၀နာရီခွဲကျော်က အင်္ကုက္ကားရွာ ပျူစခန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပျူစောထီးများ တပ်စွဲရာ အင်္ကုက္ကားကို ဒေသခံ ကာကွယ်ရေး၊ လုံခြုံရေးများ အကူအညီဖြင့် တန့်ဆည် ပကဖမှ ရှော့ဒုံးများဖြင့် ပစ်ခတ်ခဲ့။ အထိအခိုက် ကျဆုံး မသိရသေး။ မိမိရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့” လို့ တန့်ဆည် ပကဖ က ဖော်ပြပါတယ်။

အင်္ကုက္ကားရွာ အပါအဝင် တန့်ဆည်နယ်ထဲက ကျွန်းလည်၊ မြင်းဒေါင်း၊ စတဲ့ ကျေးရွာတချို့မှာ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး အဲ့ဒီ ပျူတွေက စစ်အုပ်စုနဲ့ ပေါင်းကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုက အဲ့ဒီ ပျူတွေကို လက်နက်တပ်ဆင်ပေးကာ ခိုးရာပါ ပစ္စည်းတွေ ခွဲဝေပေးပြီး ဒေသတွင်း အကြမ်းဖက် လုပ်ငန်းတွေမှာ အသုံးချနေတာလို့ ဆိုပါတယ်။

တန့်ဆည်နယ် အင်္ကုက္ကားရွာ ပျူစခန်းကို တိုက်ခိုက်ခဲ့တဲ့ တန့်ဆည် ပကဖ ရဲ့ လက်လုပ် ရှော့ဒုံး/Photo - တန့်ဆည် ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ပျူစခန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ