MFP ၊ စက်တင်ဘာ - ၂၅
Photo - Simple Light
ဖက်ဆစ်တပ်က ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်-ဖြတ်နေတဲ့ကြားက ရွှေဝါရောင် တော်လှန်ရေး (၁၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ စက်တင်ဘာ(၂၅)ရက် ညဦးပိုင်းမှာ မန္တလေး သံဃာသမဂ္ဂ နှင့် မန္တလေး သပိတ်အင်အားစု ရဲဘော်များ၊ အောင်စံ အကသ (ဗကသများအဖွဲ့ချုပ်) ရဲဘော်များ စုပေါင်းပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ချီတက်ဆန္ဒပြခဲ့တယ်လို့ သတင်း ရရှိပါတယ်။
“၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ပြည်သူလူထုရဲ့ အထွေထွေ အခက်အခဲများအတွက် ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလှည့်လည်ကြတဲ့ ရဟန်းသံဃာတွေကို နအဖ စစ်အစိုးရမှ အကြမ်းဖက် သတ်-ဖြတ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးနေ့ (၁၅)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်တွေu ပြည်သူလူထုအပေါ်မှာ ကျူးလွန်ခဲ့ကြတဲ့ လူသားမဆန်မှုတွေကတော့ ပြောမဆုံးပေါင်ပါပဲ။ ရဟန်းသံဃာတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့wJh အပြစ်တွေကတော့ မြန်မာ့သမိုင်းမှာ မေ့ပျောက်လို့မရတဲ့ သမိုင်းဝင် သပိတ် နှစ်လုံးမှောက်ရတဲ့အထိ ယုတ်မာဆိုရွားလှပါတယ်။ ၂၇ - ၈ -၁၉၉၀ ခုနှစ်မှာ နဝတစစ်ဗိုလ်ချုပ်တွေကို မန္တလေး သံဃာထုတစ်ရပ်လုံးက ပတ္တနိက္ကုဇ္ဈန ကံဆောင်ပြီး ပထမအကြိမ် သပိတ်မှောက် ကံဆောင်ကြပါတယ်။ တစ်နိုင်ငံလုံးက သံဃာတွေကလည်း သပိတ်ကို ထောက်ခံအားပေးကြပါတယ်။ ၁၈ - ၉ - ၂၀၀၇ ခုနှစ်မှာ သံဃာတွေကို ရိုက်နှက်ဖမ်းဆီးအကြမ်းဖက်ခဲ့တဲ့ နအဖစစ်ဗိုလ်ချုပ်တွေကို ရန်ကုန် နဲ့ မန္တလေး သံဃာတွေက ဒုတိယအကြိမ် သပိတ်မှောက် ကံဆောင်လိုက်ကြပြန်ပါတယ်။ ယုတ်မာဆိုးရွားလှတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အာဏာရှင်စနစ်ကြောင့် ရဟန်းသံဃာတွေဟာ နှစ်ကြိမ်တိုင်တိုင် သပိတ်မှောက်ခဲ့ရပါတယ်။ အဲဒီအချိန်တွေတုန်းက တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခုချိန်ထိ ဝန်ချတောင်းပန်ခြင်း မရှိတဲ့အတွက် အဲဒီ သပိတ် နှစ်လုံးဟာ အခုထိအသက်ဝင်နေပါသေးတယ်။ ယနေ့အချိန်မှာလည်း ၂၀၂၁ ဖေဖဝါရီ (၁)ရက်နေ့တွင် ပြည်သူရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို လက်နက်အားကိုး ဖမ်းဆီးကာ အာဏာလုယူထားသည့် အာဏာရူး စစ်အုပ်စုအပေါ် ပြည်သူလူထု တစ်ရပ်လုံးက ပြန်လည်ခုခံဆန့်ကျင်ကြသည့် နွေဦးတော်လှန်ရေးကို ဆင်နွဲနေသော အချိန်လည်းဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်စနစ် နောက်တကြိမ် ပြန်လည်ခေါင်းထောင်မလာစေဖို့ တိုင်းပြည်နဲ့ ပြည်သူအပေါ် ရက်စက်ယုတ်မာကြတဲ့ အာဏာရူးစစ်အုပ်စုကို ပြည်သူအားလုံးက ရွှေဝါရောင် စိတ်ဓာတ်နဲ့အတူ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်” လို့ မန္တလေး သံဃာသမဂ္ဂ က ထုတ်ပြန်ပါတယ်။
#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သံဃသမဂ္ဂ #ရွှေဝါရောင် #သပိတ် #PeopleStrike