မန္တလေး - မြစ်ကြီးနားလမ်း၊ အင်းတော်မှာ ဖမ်းမိတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာ (၁၀၀၀)ကို ဖျက်ဆီး၊

မန္တလေး - မြစ်ကြီးနားလမ်း၊ အင်းတော်မှာ ဖမ်းမိတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာ (၁၀၀၀)ကို ဖျက်ဆီး၊

MFP ၊ စက်တင်ဘာ - ၂၃

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မန္တလေး - မြစ်ကြီးနားလမ်းမှာ ကားနဲ့ တင်လာတဲ့ စစ်တပ်ထုတ်ကုန် ဘီယာ ဖာ(၁၀၀၀) ဖမ်းမိခဲ့ပြီး ဖျက်ဆီးပစ်ခဲ့တယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR Team က ဖော်ပြပါတယ်။

စက်တင်ဘာ(၂၂)ရက်က မန္တလေးကနေ မြစ်ကြီးနားဘက် သယ်လာတဲ့ စစ်တပ်ထုတ်ကုန် မြန်မာဘီယာနှင့် အက်ဒမန်ဂိုးဘီယာ ဖာ(၁၀၀၀)ကို အင်းတော်လမ်းပိုင်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ဘီယာ ဖာ(၁၀၀၀)ကို အင်းတော်မြို့နယ် လမ်းပိုင်းတွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့ပြီး အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ နောက်နောင်တွင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည် ဖြစ်ကြောင်းလည်း သိရပါသည်” လို့ အင်းတော် IR က ဖော်ပြပါတယ်။

စစ်တပ်ထုတ်ကုန်တွေ ရောင်းဝယ် သုံးစွဲခြင်းဟာ ပြည်သူကို သတ်မယ့် ကျည်ဆံဖို့ ထောက်ပံ့ပေးသလို ဖြစ်စေတာကြောင့် စစ်တပ်ထုတ်ကုန်တွေ မသုံးဖို့၊ သယ်ဆောင်ရောင်ဝယ်တာ မလုပ်ဖို့ စစ်ကိုင်းတိုင်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အင်းတော် #ဘီယာ #စစ်တပ်ထုတ်ကုန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ