မင်္ဂလာပါခင်ဗျာ။
စက်တင်ဘာ(၇)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။
၁။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနှင့် (၃၇)လမ်းထောင့်မှာ နေရာယူပြီး ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု မနေ့က နေ့လယ်ပိုင်း ဗုံးထုခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
၂။ မြင်းခြံ - နွားထိုးကြီးလမ်းနှင့် နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာကို စစ်အုပ်စုက ဒီမနက်ပိုင်း ပိတ်ဆို့ပြီး ပြင်စည်ရွာထဲ တစ်အိမ်တက်ဆင်း ဝင်မွှေလုယက် သောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်စည်နှင့် ဝက်လူးရွာတွေထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူတွေ့ို ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက အခုလို ရွာတွေကို ပိတ်ဆို့ပြီး လုယက် သောင်းကျန်းနေတာလို့ ဆိုပါတယ်။
၃။ မတ္တရာမြို့နယ် ကင်းကျေးရွာက Non CDM ဆရာမတစ်ဦး မနေ့က ညနေပိုင်းမှာ လူတစ်စုက အုပ်စုဖွဲ့ သ-တ်ဖြ-တ်ခဲ့မှုအပေါ် ကန့်ကွက် ရှုတ်ချတယ်လို့ မတ္တရာ ပကဖ က သတင်းထုတ်ပြန်ပါတယ်။
၄။ ရန်သူကို အချိန်ပေးလို့ မရတော့တာကြောင့် လာမယ့် တစ်နှစ်အတွင်း နွေဦးတော်လှန်ရေး အဆုံးသတ်တော့မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။ ဒီကနေ့ စက်တင်ဘာ (၇)ရက်မှာ ကျရောက်တဲ့ ပြည်သူ့ခုခံစစ် တစ်နှစ်ပြည့် မိန့်ခွန်းမှာ ဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောကြားလိုက်တာပါ။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ