ယင်းမာပင်နယ် ဘန့်ဘွေးရွာ ပျူစခန်းကို လက်လုပ်စိန်ပြောင်းနဲ့ အချက်(၁၀၀)ခန့် ပစ်ခတ်၊

ယင်းမာပင်နယ် ဘန့်ဘွေးရွာ ပျူစခန်းကို လက်လုပ်စိန်ပြောင်းနဲ့ အချက်(၁၀၀)ခန့် ပစ်ခတ်၊

MFP ၊ ဩဂုတ် -၁၆

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဘန့်ဘွေး (ရွာမ) ပျူစခန်းကို သြဂုတ်(၁၁)ရက် ညနေ(၇)နာရီက လက်လုပ် လက်နက်ကြီးတွေနဲ့ အချက်ရေ (၁၀၀)ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ နယ်စည်းမခြား ဇာမဏီ ပြောက်ကျား တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စကစတွေ အသေအပျောက် ရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘဲ စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ပြည်သူ့ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စခများ စခန်းချ နေထိုင်ပြီး အနီးအနား ကျေးရွာများအား မီးရို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများအား လုယှက် မီးရို့ ဖျက်ဆီးလျှက်ရှိသော ပျူစောထီး ကျေးရွာဖြစ်သော ဘန့်ဘွေးကျေးရွာသို့ မိမိတို့ နယ်စည်းမခြား ဇာမဏီ ပြောက်ကျားတပ်ဖွဲ့များနှင့် မဟာမိတ်အဖွဲ့များက လက်လုပ်စိန်ပြောင်း အမျိူးမျိူးဖြင့် အချက်ရေ (၁၀၀)ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ မိမိတို့ မဟာမိတ်အဖွဲ့များဘက်မှ ရဲဘော်နစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး မစိုးရိမ်ရ ဒါဏ်ရာ ရရှိခဲ့ပါသည်။ စခများနှင့် ပျူစောထီးများဘက်မှ မိမိတို့ မဟာမိတ်အဖွဲ့များ ပစ်ခတ်သော လက်နက်ကြီးများ ထိမှန်ပြီး အထိအခိုက် အကျအဆုံး များနိုင်ပါတယ်” လို့ နယ်စည်းမခြား ဇာမဏီ ပြောက်ကျား တပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို နယ်စည်းမခြား ဇာမဏီ ပြောက်ကျားအဖွဲ့၊ Golden Star Force၊ ယက္ခညီနောင် ပြောက်ကျားတပ်ဖွဲ့၊ Chindwin Revolution Froce၊ ချင်းတွင်းဂဠန်ရာဇာတပ်ဖွဲ့၊ စစ်ကျွန်မခံ မြွေဆိုးတသိုက် နှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ဘန့်ဘွေး #စိန်ပြောင်း #PDF