MFP၊ သြဂုတ် - ၁၅
မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်ကို ယနေ့ သြဂုတ် ၁၅ ရက် မနက် ၂ နာရီခန့်က မုံရွာခရိုင် PDF တပ်ရင်းများပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်းသေဆုံးသွားတယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါ မအူဂိတ်ရှိ စစ်ကောင်စီတပ်များကို မုံရွာခရိုင် PDF တပ်ရင်းများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် ၄၅ မိနစ်ခန့်ကြာမြင့်တယ်လို့ ဆိုပါတယ်။
"အဆက်မပြတ် ထိုးစစ်ဆင်မှုအတွင်း စကစအကြမ်းဖက်မှာ (၆)ကောင်ကျော် ပွဲချင်းပြီးသေဆုံးပြီး ဒီထက်ပိုမိုသေဆုံးနိုင်ကာ ကျဆုံးစာရင်းအတိအကျအား ဆက် လက်စုံစမ်းနေဆဲဖြစ်တယ်"လို့ ဖော်ပြပါတယ်။
အထက်ပါထိုးစစ်ဆင်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ (၄၀)မမ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မုံရွာခရိုင် PDF တပ်ရင်းများမှ တပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ တပ်ရင်း ၃ တပ်ရင်း ၄ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) က ဦးဆောင်ပြီး မုံရွာခရိုင်ပြည်ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ တပ်ရင်း ၃ တပ်ရင်း ၄ ရဲ့ အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့ ၊ မုံရွာခရိုင်ပြည်ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ တပ္ခြဲ ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF ၊ မုံရွာခရိုင်ပြည်ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ တပ်ခွဲ ၃ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (Northwest Plains Revolutionary Forces-NPRF) တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ပကဖ