ယင်းမာပင်မြို့နယ် တပ်ရင်း(၃)က ရဲဘော်တွေကို မွေးနေ့ရှင်တစ်ဦးက ဒန်ပေါက် လှူဒါန်းကျွေးမွေး၊

ယင်းမာပင်မြို့နယ် တပ်ရင်း(၃)က ရဲဘော်တွေကို မွေးနေ့ရှင်တစ်ဦးက ဒန်ပေါက် လှူဒါန်းကျွေးမွေး၊

MFP ၊ အောက်တိုဘာ - ၃၀

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၂၇)၊ ယင်းမာပင်မြို့နယ် တပ်ရင်း(၃)က တပ်ဖွဲ့ဝင် ရဲဘော်တွေကို "Felix" ရဲ့ သုံးနှစ်ပြည့် မွေးနေ့အလှူအဖြစ် ဒံပေါက် နဲ့ ကျွေးမွေးဧည့်ခံ လှူဒါန်းခဲ့တယ်လို့ ယင်းမာပင်မြို့နယ် တပ်ရင်း(၃)က ဖော်ပြပါတယ်။

"ဒံပေါက် အဟာရကျွေးမွေးသော မွေးနေ့ရှင် "Felix" အား ကျွန်ပ်တို့ ရဲဘော်များအားလုံးမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ ၃၀.၁၀.၂၀၂၂တွင် သုံးနှစ်ပြည့် သောမွေးနေ့မှစ၍ သက်ရှည်ကျန်းမာပြီး မိဘအပေါ် သိတက်သော သားသမီးကောင်းရတနာတစ်ပါး ဖြစ်ပါစေဟု ကျွန်ုပ်တို့ ယင်းမာပင်ခရိုင် တပ်ရင်း(၂၇)၊ ယင်းမာပင်မြို့နယ်တပ်ရင်း (၃) ရဲဘော်များမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်" လို့ ဖော်ပြပါတယ်။

ယင်းမာပင်နယ်နှင့် စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းက PDF ရဲဘော် အများစုဟာ စားသောက်နေထိုင်ရေးနှင့် လက်နက်ခဲယမ်း မပြည့်စုံမှုတွေကြားက ဖက်ဆစ်တပ် အဖြစ်ဖြတ်ရေး တိုက်ပွဲ ဝင်နေကြတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ယင်းမာပင် #PDF #မွေးနေ့ #ဒံပေါက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ