ပုလဲနယ်မှာ နွားလှည်း အစီး(၅၀)နဲ့ ခိုးရာပါ ပစ္စည်းသယ်တဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ လှည်းတစ်စီးနှင့် ဆီနှစ်ပေပါ ပြန်လည်သိမ်းဆည်း ရရှိ၊

ပုလဲနယ်မှာ နွားလှည်း အစီး(၅၀)နဲ့ ခိုးရာပါ ပစ္စည်းသယ်တဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ လှည်းတစ်စီးနှင့် ဆီနှစ်ပေပါ ပြန်လည်သိမ်းဆည်း ရရှိ၊

MFP ၊ အောက်တိုဘာ - ၂၉

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ အင်မထီးပျူစခန်း ရှိရာဘက်ကို နွားလှည်း အစီး (၅၀)နဲ့ ခိုးရာပါ ပစ္စည်းတွေ သယ်လာတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စကစတွေ ထွက်ပြေးသွားပြီး လှည်းတစ်စီးနှင့် စက်သုံးဆီ နှစ်ပေပါ ပြန်လည် သိမ်းဆည်း ရရှိခဲ့တယ်လို့ ပုလဲအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်း(၇) Royal Eagle PDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၉)ရက် မနက်(၁၀)နာရီကျော်အချိန် ပုလဲမြို့နယ် ကန့်ဒေါင့်ကနေ အင်မထီးပျူရွာဘက် လှည်းအစီး(၅၀)နဲ့ ခိုးရာပါ ပစ္စည်းတွေ သယ်လာတဲ့ စစ်အုပ်စုကို ယင်းမာပင်ခရိုင် တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၉)၊ PRA နှင့် ဒေသခံ PDF တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ထိတွေ့မှု နှစ်ကြိမ်ဖြစ်၍ အပြန်လှန် ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ပြီး ပျူစောထီးများ သယ်ဆောင်လာသောရိက္ခာလှည်းတန်းမှ လှည်းတစ်စီး၊ ဆန်တစ်အိတ်၊ စားဆီတစ်ပုံး၊ ဓာတ်ဆီတစ်ပေပါနှင့် ဒီဇယ်တစ်ပေပါ ပြန်လည်ရရှိခဲ့ပါသည်။ စစ်ကောင်စီဘက်မှ အကျအဆုံး ထိခိုက်ဒဏ်ရာရ စာရင်းကို မသိရှိရပါ။

ရဲဘော်များ အကျဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ပါသည်" လို့ ပုလဲအခွစေိုကျ ယငျးမာပငျခရိုငျ တပျရငျး(၈) Pale PDF Headquarters က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ပုလဲနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖမ်းဆီးငွေညှစ်၊ ဖောက်ထွင်းခိုးယူပြီး ခိုးရာပါ ပစ္စည်းတွေကို ပြန်လည်ရောင်းချတာ၊ ပျူတွေကို ခွဲဝေပေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲနယ် ဇီးဖြူကုန်းနှင့် အင်းမထီးရွာက ပျူတွေကို ခိုးရာပါပစ္စည်းတွေ ခွဲဝေထောက်ပံ့ပေးနေတဲ့ စစ်ကိုင်း စကစ မြတ်ကျော်နှင့် သန်းထိုက်တို့ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီက တွေ့ရစဉ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #အင်မထီး #ပျူစခန်း #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ