မန္တလေးက ဖက်ဆစ်တပ်နဲ့ ဆက်စပ်သူတွေကို အရှိန်မြှင့် တိုက်ခိုက်မယ့် "အောင်မြေစစ်ဆင်ရေး" စတင်ပြီလို့ မန္တလေးမြို့ပြပြောက်ကျားတွေ ကြေညာ၊

မန္တလေးက ဖက်ဆစ်တပ်နဲ့ ဆက်စပ်သူတွေကို အရှိန်မြှင့် တိုက်ခိုက်မယ့် "အောင်မြေစစ်ဆင်ရေး" စတင်ပြီလို့ မန္တလေးမြို့ပြပြောက်ကျားတွေ ကြေညာ၊

MFP ၊ စက်တင်ဘာ - ၂၅

မန္တလေးမြို့ပေါ်မှာ အောင်မြေစစ်ဆင်ရေးကို စတင်ပြီး တိုက်ခိုက်နေပြီလို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တွေက မနေ့ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အောင်မြေစစ်ဆင်ရေးရဲ့ အဖွင့်အဖြစ် (၅၅) လမ်းနဲ့ (၁၃၃) စံပြလမ်းထောင်က ပြည်ကြီးတံခွန် (ဇ) ရပ်ကွက်ရုံးကို ဗုံးထုတိုက်ခိုက်ခဲ့ရာ ပျူတွေအနား ကျပေမယ့် Error ဖြစ်ပြီ မပေါက်ကွဲခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် မပေါက်ကွဲသေးတဲ့ ဗုံးကို စစ်အုပ်စုက လမ်းတွေပိတ်ပြီး ပစ်ဖောက်ရှင်းလင်းသွားတယ်လို့ ဆိုပါတယ်။

အောင်မြေစစ်ဆင်ရေးအဖြစ် Anonymous Force MDY၊ Myanmar Youngs Force၊ Truth Keeping Force Amarapura နဲ့ မန္တလေးမြို့ပြတော်လှန်ရေးတပ်ပေါင်းစု ARFOM တို့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေကိုလည်း စစ်အုပ်စုနဲ့ ဝေးရာမှာ နေကြဖို့ ထပ်မံ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၂) ရက်မှာလည်း (၆၉) လမ်း၊ (၃၅) လမ်းနဲ့ (၃၆) လမ်းကြားမှာရှိတဲ့ စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ကင်းလာစောင့်ပေးတဲ့ စည်ပင်ရဲတွေကို “ မန္တလေးဖီးနစ်တို့စစ်ဆင်ရေး “ အမည်နဲ့ ဗိုလ်နက္ခတ်ဦးဆောင်တဲ့ MDY-PDF က ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲသုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့က ဗုံးထု တိုက်ခိုက်ခဲ့တဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက် ရုံး/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးမြို့ပြပြောက်ကျားများ #အောင်မြေစစ်ဆင်ရေး #မန္တလေးဖီးနစ်တို့စစ်ဆင်ရေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ