ခင်ဦးနယ် မဒေါင်းလှပျူစခန်းကို တိုက်ခိုက်ရာ စကစ ငါးယောက် သေ ဟုဆို၊ နှစ်ဆင့်ကွဲ ဗုံးသီးတွေ သုံးပြီးတော့လည်း ဒရုန်းနှင့် ဗုံးကြဲ၊

ခင်ဦးနယ် မဒေါင်းလှပျူစခန်းကို တိုက်ခိုက်ရာ စကစ ငါးယောက် သေ ဟုဆို၊ နှစ်ဆင့်ကွဲ ဗုံးသီးတွေ သုံးပြီးတော့လည်း ဒရုန်းနှင့် ဗုံးကြဲ၊

MFP၊ သြဂုတ် - ၂၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ် မဒေါင်းလှကျေးရွာနှင့် ဆီဆုံလေးရွာကြား လယ်ကွင်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ ဖက်ဆစ်တပ်သားတွေကို ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား ငါးယောက် ထက်မနည်း သေတယ်လို ခင်ဦးထောက်ပို့တပ် - KSO က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ် (၂၀)ရက် မနေ့က နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဖက်ဆစ်တပ် ကင်းပုန်းတွေကို တိုက်ခိုက်နေချိန် မဒေါင်းလှပျူစခန်းကိုလည်း နှစ်ဆင့်ကွဲဗုံးသီးတွေ အပါအဝင် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"လယ်ကွင်းများ နဘေးတွင် ကင်းပုန်းဝပ်နေသော စခ (၁၀) ကောင်ခန့် နှင့် မြိုနယ် ပကဖ၊ ကျွန်ုပ်တို KSO အဖွဲ နှင့် မဟာမိတ် Local များ မိနစ် (၃၀)ကြာ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့ရာ စခ ငါးကောင် နေရာတင် ငရဲလား သွားခဲ့တယ်" လို့ KSO က ဖော်ပြပါတယ်။

ဖက်ဆစ်တပ်ကလည်း ပျူစခန်းဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် KSO အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို ဆိုပါတယ်။

ခင်ဦးနယ် မဒေါင်းလှရွာဟာ ဖက်ဆစ်တပ်ရဲ့ လက်ပါးစေ ပျူတွေ ကြးစိုးနေတဲ့ ရွာဖြစ်ပြီး မဒေါင်းလှပျူစခန်းမှာ တခြားရွာက ပျူတွေကိုပါ သင်တန်းပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖက်ဆစ်တပ်က မဒေါင်းလှပျူစခန်းကို ဘန်ကာတွေ၊ ကတုပ်ကျင်းတွေနဲ့ အခိုင်အမာ တည်ဆောက်ထားပြီး လက်နက်ကြီး အပါအဝင် တိုက်ခိုက်ရေးသုံး လက်နက်ခဲယမ်းမျိုးစုံ ထောက်ပံ့ပေးထားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲတွေက ပြောပါတယ်။

ဖက်ဆစ်တပ်ကို တိုက်ခိုက်နေတဲ့ ခင်ဦးနယ်က ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ/Photo – KSO

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ခင်ဦး #မဒေါင်းလှ #ပျူ #တိုက်ခိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ