လက်လုပ် ပခုံးထမ်း လောင်ချာနဲ့ ရဟတ်ယာဉ်တွေ ပစ်ချနိုင်ဖို့ ဒေါ်လာ နှစ်သိန်းခွဲတန် ကမ်ပိန်း စတင်၊

လက်လုပ် ပခုံးထမ်း လောင်ချာနဲ့ ရဟတ်ယာဉ်တွေ ပစ်ချနိုင်ဖို့ ဒေါ်လာ နှစ်သိန်းခွဲတန် ကမ်ပိန်း စတင်၊

MFP ၊ သြဂုတ် - ၉

မကွေးတိုင်း၊ အနောက်မြောက်ခြမ်း၊ ယောဒေသမှာ ပုခုံးထမ်း ရော့ကတ် (လောင်ချာ)တွေ တီထွင်နိုင်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲအတွက် လုံလုံလောက်လောက် ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် အဆင့်မြင့်တင် ထုတ်လုပ်ပြီး စစ်အုပ်စုရဲ့ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ရေး ဒေါ်လာနှစ်သိန်းခွဲတန် ပရောဂျက်မှာ ပါဝင်လှူဒါန်းပေးကြဖို့ ယောကာကွယ်ရေးတပ် - YDF က ထုတ်ပြန်ပါတယ်။

YDF တပ်ဖွဲ့က တီထွင်ထုတ်လုပ်ထားတဲ့ လောင်ချာတွေဟာ တစ်လက်ကို ကျပ်သိန်း(၂၀)အောက်သာ ကျသင့်ပြီး လက်ရှိ ထုတ်လုပ်ထားတဲ့ လက်လုပ်လောင်ချာတွေဟာ ရဟတ်ယာဉ်တွေကိုပါ ကောင်းကောင်း ပစ်ချနိုင်တာကြောင့် YDF နဲ့ မဟာမိတ်တပ်တွေ အတွက် အလက်ရေ များများ ထုတ်နိုင်ရေး ပြည်သူလူထုရဲ့ ထောက်ပံ့မှုအား အမှန်တကယ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ကြိုးပမ်းမှုနဲ့ ပခုံးထမ်းတွေ နည်းပညာ ခက်ခက်ခဲခဲနဲ့ တီထွင်နိုင်ခဲ့ပြီ။ ခက်နေတာက တိုက်ပွဲဝင် အရေအတွက် ရအောင် ထုတ်လုပ်ဖို့က ပြည်သူ့အား လိုပါတယ်။ ဒေါ်လာမီလျှံ(သန်း)ကျော် ပေးရတဲ့ ရဟတ်ယာဉ်ကြီးကို ဘယ်လို ပစ်ချလိုက်တာ ဆိုတဲ့ ဇာတ်လမ်းတွေ ပြောပြနိုင်ဖို့ ဒေါ်လာ နှစ်သိန်းခွဲ ရဟတ်ယာဉ်ကို ပစ်ချမယ့် အိပ်မက် အကောင်အထည် ဖေါ်ချင်ပါတယ်။ တစ်ယောက် ဒေါ်လာ (၁၀၀) ထည့်ရင် လူ (၂၅၀၀) ပဲ လိုတာပါ။ တယောက်ကို (၁၀)ဒေါ်လာဆို လူ (၂၅၀၀၀)ပဲ လိုတယ်” လို့ ယောကာကွယ်ရေးတပ်ရဲ့ ရံပုံငွေ အသင်း - YDF Fundraising Team (မြန်မာ) က ထုတ်ပြန်ထားပါတယ်။

လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ အခက်အခဲတွေ မကြာခဏ ဖြစ်တတ်တာကြောင့် ကိုယ်တိုင် ထုတ်လုပ်ရေးပိုင်းကို ဦးစားပေးဆောင်ရွက်ခဲ့တာ အခုဆိုရင် မြေပြင်ရော ဝေဟင်အတွက်ပါ ဗျူဟာမြောက် လက်နက် Patriot မျိုးဆက်ကို ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်တယ် လို့ ယောကာကွယ်ရေးတပ် - YDF က ဆိုပါတယ်။

အများပြည်သူ အနေနဲ့ လက်လုပ် ပခုံးထမ်းလောင်ချာနဲ့ ရဟတ်ယာဉ်တွေကို ပစ်ချမယ့် ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့ဖို့ သက်ဆိုင်ရာနိုင်ငံအလိုက် ဖွဲ့စည်းထားတဲ့ အောက်ပါ Fundraiser (ရန်ပုံငွေရှာဖွေရေးအဖွဲ့) တွေကတဆင့် ဆက်သွယ် ထောက်ပို့နိုင်တယ်လို့ ယောဒေသ ကာကွယ်ရေးတပ် - YDF က ဖော်ပြထားပါတယ်။

စင်ကာပူ ------------ ဝန်းရံကြမည် (စင်္ကာပူ) https://www.facebook.com/VoteRedVoteNLD

မလေးရှား -------------- We love Motherland (Malaysia) WhatsApp မှတဆင့်ဆက်သွယ်ရန် +601161633220 +60182238767

အရှေ့အလယ်ပိုင်း ---------------------------- ပြည်သူ့ဂုဏ်ရည် ဒူဘိုင်း (အရှေ့အလယ်ပိုင်း) https://www.facebook.com/citizenofburmaawardmiddleeastregion

ဥရောပ ---------- ပြည်သူ့ဂုဏ်ရည် ယူကေ (ဥရောပ) https://www.facebook.com/citizenofburmaawardUK

ဂျပန် ------- Yaw Funding Japan https://www.facebook.com/Yaw-Funding-Japan-105112775284584

မြန်မာ --------- YDF Fundraising Team (မြန်မာ) https://www.facebook.com/ydffundraisingteam

နွေဦးစုဗူး (မြန်မာ) https://www.facebook.com/nwayoosubuu

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယောကာကွယ်ရေးတပ် #ပုခုံးထမ်း #မြေပြင် #ဝေဟင်