ကန့်ဘလူ မြေတူးရွာအနီးမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စကစပျူတွေကို ဒရုန်းနဲ့ တိုက်ခိုက်၊

ကန့်ဘလူ မြေတူးရွာအနီးမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စကစပျူတွေကို ဒရုန်းနဲ့ တိုက်ခိုက်၊

MFP ၊ အောက်တိုဘာ - ၇

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြေတူးကျေးရွာအနီး ကားလမ်းပေါ်မှာ ဂိတ်ဖွင့်ပြီး လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနှင့် ပျူတွေကို ဒီနက်ပိုင်း ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁၆) - Taze Revolution Force (TRF) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၇)ရက် မနက်(၉)နာရီခွဲကျော်က ကန့်ဘလူမြို့နယ်၊ မြေတူးကျေးရွာ အနောက်ဖက် ညောင်ပင်အနီး လမ်းကမ်းဘေးမှာ လမ်းသွားလမ်းလာတွေကို ငွေညစ်နေတဲ့ စစ်အုပ်စုနှင့် ပျူ(၂၀)ခန့်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုတွေ အထိအခိုက် အခြေအနေ မသိရသေးပေမယ့် ပြည်သူ့ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုနှင့် ပျူတွေဟာ ကန့်ဘလူ၊ တန့်ဆည်နယ်တွေထဲ လက်နက်အားကိုးနှင့် သောင်းကျန်းနေကာ ပြည်သူတွေကို အနိုင်ကျင့် ရန်ပြုတာ၊ ဖမ်းဆီး သတ်ဖြတ်တာ၊ ငွေညှစ်တာ၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ပျူစခန်း #ကန့်ဘလူ #မြေတူး #TRF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ