MFP ၊ စက်တင်ဘာ - ၁၇
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ကျေးရွာကို စစ်အုပ်စုက မနေ့မနက်ပိုင်း ရုတ်တရက် စီးနင်းဝင်မွှေပြီး ဒေသခံ (၂၀)ဦးကို ဖမ်းဆီးညှဉ်းပန်းကာ အဲ့ဒီအထဲက (၁၀)ဦးကို မီးရှို့ သ-တ်-ဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ(၁၆)ရက် မနက်ပိုင်းက အင်အား (၆၀)ကျော်ရှိတဲ့ စစ်အုပ်စုဟာ တန့်ဆည်မြို့နယ်၊ အကုၤက္ကား ပျူရွာကတဆင့် အုတ်ဖိုအိုင်ရွာမထဲ ရုတ်တရက် စီးနင်းဝင်မွှေ သောင်းကျန်းခဲ့ပြီး ရွာထိပ်မှာ တွေ့ရတဲ့ ရပ်ရွာ ကာကွယ်ရေး ရဲဘော် တစ်ဦးကို သ-တ်-ဖြတ်ခဲ့ပြီးနောက် ကျေးရွာထဲက ဒေသခံ ကိုးဦးကိုလည်း မီးရှို့ သ-တ်-ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အုတ်ဖိုအိုင်ရွာထဲ စစ်အုပ်စုက သ-တ်-ဖြတ်သွားသူ (၁၀)ဦးအနက် လေးဦးဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF ရဲဘော်တွေ ဖြစ်ပြီး ကျန် ခြောက်ဦးကတော့ ရပ်ရွာကာကွယ်ရေး အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် အုတ်ဖိုအိုင်ရွာထဲက အိမ်လေးလုံးကိုလည်း စစ်အုပ်စုက မီးရှို့ ဖျက်ဆီးသွားပြီး ရွာသား တချိုကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ အုတ်ဖိုအိုင်ရွာက ဒေသခံတွေကို ဖမ်းဆီး သ-တ်-ဖြတ်ပြီးနောက် အင်္ကုက္ကားပျူရွာထဲ ပြန်ဝင်သွားကာ ဒီမနက်ပိုင်းမှာတော့ အောင်ချမ်းသာရွာထဲကို ဆက်လက် ဝင်မွှေ လုယက် သောင်းကျန်းပြီး စိတ်ဝေဒနာရှင် ဒေသခံတစ်ဦးကိုလည်း သ-တ်-ဖြတ်ကာ လက်ရှိမှာ အောင်ချမ်းသာရွာ ဘုန်းကြီးကျောင်းထဲ ရှိနေတယ်လို့ ဆိုပါတယ်။
အုတ်ဖိုအိုင်ရွာ အပါအဝင် တန့်ဆည်နယ်ထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ စစ်ကိုင်းမြို့ တပ်မ(၃၃) လက်အောက်ခံ အဖွဲ့တွေ ဖြစ်ပြီး ရွှေဘိုနယ်တကြော ဝင်မွှေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေထဲ ကောက်ကျစ်ဆုံးနဲ့ အယုတ်မာဆုံး အဖွဲ့ဖြစ်တယ်လို့ တန့်ဆည် ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ရှေ့ကို ကြိုတင်လွှတ်ထားသလို အမြဲတမ်း နောက်ချန် အင်အား ထားလေ့ရှိပြီး နောက်ချန်အဖွဲ့ထဲမှာ အကောင်ကြီး၊ အမြီးရှည် ဗိုက်ပူနံကားတွေ ပါလေ့ရှိကာ ပြည်သူကို ဖမ်းဆီး ညှဉ်းပန်းတာ၊ မုဒိန်းကျင့်တာ၊ သတ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေလို့ ဒေသခံတွေ သတိထား ရှောင်ရှားကြဖို့ ဒေသခံအချင်းျင်း သတိပေးနေပါတယ်။
တန့်ဆည်နယ် အုတ်ဖိုအိုင်ရွာထဲ စစ်အုပ်စု မီးရှို့သ-တ်-ဖြတ်သွားတဲ့ ဒေသခံ အလောင်းများနှင့် လွန်ခဲ့တဲ့ လပိုင်းအတွင်း တန့်ဆည်နယ် ကျွန်းလည်ရွာ ပျူစခန်းကို ရောက်ရှိလာတဲ့ စကစတွေ/Photo – CJ
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #အုတ်ဖိုအိုင်ရွာ #ရပ်ရွာကာကွယ်ရေး
တန့်ဆည် အုတ်ဖိုအိုင်ရွာမှာ စစ်အုပ်စုက ဒေသခံ (၂၀)ကို ဖမ်းပြီး (၁၀)ဦးကို မီးရှို့ သ-တ်၊ သေဆုံးသူတွေဟာ PDF ရဲဘော် လေးဦးနှင့် ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦး ဟုဆို၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024