MFP ၊ စက်တင်ဘာ - ၁
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းထဲက နေအိမ် (၂,၂၇၁) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ (၁၂၇) ဦးကို သ-တ်ဖြ-တ်ခဲ့တယ် လို့ MFP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ တွေ့ရပါတယ်။
စစ်အုပ်စုက သ-တ်ဖြ-တ်ခဲ့တဲ့ အရပ်သားပြည်သူတွေထဲမှာ အမျိုးသား (၈၁) ယောက်၊ အမျိုးသမီး (၁၃) ယောက်နဲ့ ကျား/မ ခွဲခြားအတည်မပြုနိုင်သေးသူ (၃၃) ယောက်ဖြစ်ပါတယ်။
စစ်အုပ်စု အကြမ်းဖက်အာဏာသိမ်းပြီးအချိန်ကနေ ဒီကနေ့အထိ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် စုစုပေါင်း အနည်းဆုံး (၂၀,၆၇၁) လုံးအထိ ရှိလာခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ ဩဂုတ်လအတွင်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော် အရေအတွက်က (၈၇) ဦးထက်မနည်း အထိရှိခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ နွေဦးတော်လှန်ရေးကာအတွင်း ကျဆုံးခဲ့တဲ့သူ စုစုပေါင်း (၂,၂၅၉) ဦးအထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP က ဩဂုတ် (၃၁) ရက်မှာ ထုတ်ပြန်ထားပါတယ်။
MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေအိမ်မီးရှို့ #မီးရှို့ဖျက်ဆီး
စစ်အုပ်စုက ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းမှာ ပြည်သူ့နေအိမ် (၂,၃၀၀) နီးပါးကို မီးရှို့ဖျက်ဆီး၊ အရပ်သားပြည်သူ (၁၂၀) ကျော်ကို သ-တ်ဖြ-တ်
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024