အရာတော်နယ်မှာ ကောက်စိုက်သမတွေက လုပ်အားခ ရရှိငွေကို PDF တွေထံ လှူဒါန်း၊

အရာတော်နယ်မှာ ကောက်စိုက်သမတွေက လုပ်အားခ ရရှိငွေကို PDF တွေထံ လှူဒါန်း၊

MFP ၊ စက်တင်ဘာ - ၆

Photo - အရာတော်ပို့စ်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကျေးရွာတစ်ရွာက ကောက်စိုက်သမ အမျိုးသမီးတွေ စုပေါင်းပြီး ရရှိတဲ့ လုပ်အားခကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေထံ လှူဒါန်းခဲ့တယ်လို့ အရာတော်ပို့စ်က ဖော်ပြပါတယ်။

ကောက်စိုက်ခအဖြစ် ရရှိတဲ့ လုပ်အားခ ကျပ်သုံးသိန်းကျော်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေထံ လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

"ပင်ပန်းတယ်လို့တောင် မခံစားရပါဘူး၊ အခုလို ကိုယ်တတ်နိုင်တဲ့ လုပ်အားနဲ့ တော်လှန်ရေးမှာ ပါဝင်ရတာကိုပဲ ဝမ်းသာလှပါပြီတော်" လို့ ဘောက်ခေါင်းဆောင်က ပြောဆိုကြောင်း အရာတော်ပို့စ်က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အရာတော်နယ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ကတည်းက ဖုန်းနှင့် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး အရာတော်မြို့နယ်ထဲက အိမ်ခြေ(၁၀၀၀)ကျော်ကို စစ်အုပ်စုက ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #ကောက်စိုက် #LDP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ